Part _67

24.2K 1K 49
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_67

''ကိုသက် "

"ဘာလဲ နေစက် "

"ဟိုဘက်အိမ်က လူတွေက ကလေးမွေးပြီးမှပြန်မှာလား "

"အင်း ငါခေါ်ထားတာလေ အစက သူတို့က  ဘန်ကောက်မှာ မွေးမလို့တဲ့ ကိုယ့်နိုင်ငံထက် သာတယ် ဆိုပေမယ့် အားလုံးက မျက်နှာစိမ်းတွေလေကွာ ဒီမှာက  မင်းတို့ငါတို့ အုပ်စုကြီးက နည်းတာ မဟုတ်ဘူး ဝိုင်းကြည့်လို့ ရတယ်လေ "

"အင်း"

"ဟိုးမှာ ဟိုသေးသေးလေး ကိုသက်တို့ခြံကို လာချောင်းနေတယ်"

နေစက်လှမ်းပြတဲ့ နေရာကို ကြည့်လိုက်တော့ ဂါမဏိလေးက  အပေါ်ထပ်ပြတင်းပေါက်ကနေ မလှုပ်မယှက်ဖြင့် သူတို့ခြံထဲကို ကြည့်နေလေသည်...

ကလေးက ဘာကိုစိတ်ဝင်စားနေလဲ မသိပေမယ့် မျက်တောင်ကလေး တစ်ချက်တောင် မခတ်တာကိုသေချာ မြင်နေရလေသည်...

"သားသားရေ ဘာတွေ စိတ်ဝင်တစားကြည့်နေတာလဲ "

"ဟို အသီး အဲ့အသီးကို သားသားစားချင်တယ် "

ခြံထောင့်မှာ သီးနေတဲ့ ပိန္နဲသီးကို လက်ညိုး ညွှန်ပြနေတာကြောင့် သက်ဦးသခင် ပြုံးသွားလေသည်...

"သားသားက ပိန္နဲသီး စားချင်လို့လား "

"ဟုတ် သားသား ပိန္နဲသီး ကြိုက်စ်"

"သားကြိုက်ရင် ပေးမှာပေါ့ ဒီဘက်ခြံထဲကို လာလေ ဦးဦးဖဒိုကို ခူးခိုင်းလိုက်မယ် "

"ဟေး"
_
_
_
_
_
ဂါမဏိက ချက်ချင်း သူတို့ခြံဘက်ကို ရောက်လာတာကြောင့် သက်ဦးသခင်မှာ ဖဒိုကို  ခူးခိုင်းရတော့သည်...

"ကိုကိုညာတို့ မလာသေးဘူးလား အန်ကယ်သက်"

"ကျောင်းသွားတယ် သားရဲ့"

"လာ ဟိုမှာ ဦးဖဒိုခူးနေတာ သွားကြည့်ရအောင်"

"ကလေးက သူ့အမေရုပ်နော် ကိုသက် လူလည်လေး ထင်တယ် "

"သူအဖေကလည်း  ခေသူမဟုတ်လေကွာ ဒီလောက်တော့ ရှိမှာပေါ့"

"အန်ကယ်တို့က သားဖေဖေနဲ့မေမေ အတင်းကို ပြောနေတာလား"

⚜️Nay Tin's Love Story⚜️Where stories live. Discover now