⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_62သူတို့ ချင်းမိုင်လေဆိပ်ကိုရောက်တော့ ဆန်းတိုးနဲ့ မိုက်ကယ်က ဝမ်းသာအားရ လာကြိုနေကြလေသည်....
''အဟား ငါ့တူကြီး ဂါမဏိတင်ထွဋ်က တကယ့်လူချောလူလှကြီးကွ အပြင်မှာ ပို ချောတယ်"
''အဲ့''
ဆန်းတိုးကို မြင်တာနဲ့ ဂါမဏိလေးက မျက်နှာလေးက ပြုံးနေကာ ခြေကားယား လက်ကားယားနဲ့ နှုတ်ဆက်လေသည် ....
"အောင်မာ ရီပြနေတယ်ဟ သူ့ကို ချောတယ်လို့ ပြောတာ နားလည်တယ် ထင်တယ် ဟုတ်လား သား''
''အဲ့ အဲ့''
''ဟားဟား ကြိုက်ပြီကွာ ''
ရန်ကုန်အိမ်ကို နေတင်တို့ မိသားစု ပြန်ရောက်လာကြပြီးကတည်းက ဆန်းတိုးတို့နဲ့က video call ခေါ်ပြီး စကားတွေ ပြောနေကျမို့ ဂါမဏိလေးက ဆန်းတိုးတို့ကို မြင်ဖူးပြီး သိနေကြပြီး ဖြစ်သည်....
''မင်းက ငါ့သားကိုပဲ နှုတ်ဆက်နေတာ ငါ့ကို မမြင်ဘူးလားကွ"
'''မြင်ပေမယ့် မခေါ်ချင်ပါဘူး တစ်ယောက်ထဲ ကြိတ်မှိတ်ပြီး ခံစားချင်တဲ့ ကိုစိမ်းကားကြီး ကျွန်တော်တို့က မရီးနဲ့ ဂါမဏိလေးဖက်က ''
''အဟင်းဟင်း ''
"ဟ ငါက ငါ့မိန်းမလေးကို အရမ်းကို ချစ်လွန်းလို့ အခုလို စီစဉ်တဲ့ဟာကို''
''တော်ပါ အဲဒီတော့ကော ကျွန်တော်တို့မရီးက မပင်ပန်းဘူးတဲ့လား ဒီရဲပြောပြလို့ ကျွန်တော် အကုန်သိပြီးပြီ မရီးကို သနားလို့ ငိုလိုက်ရတာ ပြောမနေနဲ့''
''ဟာကွာ မင်းတို့ကလည်း ငါက ''
''ကဲ ကဲ ရောက်မှပဲ ဆရာတပည့်တွေ စကားနိုင် လုကြပါနော် အခုတော့ အနော်တို့ မြန်မြန်သွားကြစို့ Gordonကလူတွေ မျှော်ကြရော့မယ်"
သော်တာလေး ပြောတာ လုံးဝ မမှား.....
သူတို့ ကားတွေ Gordon ကို ရောက်တော့ ထွက်ကြိုပြီး မျှော်နေကြတဲ့ ဝန်ထမ်းတွေက နည်းနည်းနောနော မဟုတ် လူစည်ကားလှတဲ့ ပွဲတော်ကြီးလို ဖြစ်နေလေသည်....
ပြန်မလာကြတာ နှစ်ချီပြီး ကြာသွားတဲ့အပြင် အခု ပြန်လာတော့ သားလေးတစ်ယောက်ပါ ပါလာသည်ဆိုသော သတင်းက Gordon တစ်ဝင်းလုံးရဲ့ hot news ဖြစ်လို့ နေလေသည်.....
ŞİMDİ OKUDUĞUN
⚜️Nay Tin's Love Story⚜️
Romantizmငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...