⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_4အသံလာရာကို ကြည့်လိုက်တော့....
"ဟင်''
မျက်နှာကြက်မှာ အက်ရာကြီးတွေက ပင့်ကူမျှင်တွေလို ဖြစ်လာကာ.....
"အမယ်လေး ပြိုတော့မှာလား'''
သော်တာ မနေရဲတော့လို့ တံခါးကို ဆွဲဖွင့်ပေမယ့် လုံးဝ ဖွင့်လို့မရ....
''တံခါးဖွင့်ပေးပါ"
''တံခါးဖွင့်ပေးပါလို့'''
သော်တာ့ ခန္ဓာကိုယ်မှာ ရှိသမျှ အားကုန်သုံးပြီး ကြိုးစားဖွင့်နေပေမယ့် တံခါးက နည်းနည်းလေးမှတောင် အရာမယွင်း.....
ဘုရား ဘုရား.....
ဒုက္ခပဲ တံခါးက ဖွင့်လို့လည်း မရဘူး အပြင်မှာ ဘယ်သူမှ မရှိကြဘူးလား သော်တာက ဒီလိုနဲ့ သေရတော့မှာများလား.....
"ဒုန်းဒုန်းဒုန်း'''
'''တံခါးဖွင့်ပေးပါ'''
သူမဝင်သွားတဲ့ စတိုက အခြေအနေမကောင်းပဲအိုဟောင်းနေပြီးသူဒီနေရာကိုစရောက်တဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တည်းက ရှိနေပြီးသားအဆောက်အအုံဖြစ်သည်....အတော်ကြီးဟောင်းနေတာဖြစ်လို့ မသုံးခိုင်းတော့ပဲ စတိုအသစ်မှာပဲပစ္စည်းတွေထားနေခြင်းဖြစ်လေသည်...
သူမက ဘယ်သူ့မှ မမေးမြန်းပဲ ဝင်သွားလို့ သူလည်း လိုက်ဝင်တာ စွာတူးလန်အသေးလေးကလူကိုမြင်တာနဲ့ စွာဖို့ပဲသိတဲ့ အကောင်သေးလေး....သော်တာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေပြီး အသံကုန် ဟစ်အော်လိုက်မိတဲ့ အဆုံးမှာ ....
"မြန်မြန် လာ''
စတိုခန်း အဝင်ဝတံခါးဟာ ရုတ်တရက် ဝုန်းခနဲ ပွင့်သွားကာ သန်မာအားကောင်းလှတဲ့ လက်တစ်ဖက်က သော်တာ့လက်ကို လာဆွဲပြီး အမြန် ပြေးထွက်သွားတာမို့ သော်တာ ဒရွတ်တိုက်ကြီး ပါသွားရတော့သည်.....
"ဒုန်း ဒလုန်း ဒုန်း'''
''ဝုန်းးး'''
'''အားးး'''
စတိုခန်း ပြိုကျသွားတဲ့ အသံကျယ်ကြီးကြောင့် သော်တာ မျက်စိကို စုံမှိတ်ကာ အသံကုန် အော်ပစ်လိုက်မိတော့သည်.....
VOUS LISEZ
⚜️Nay Tin's Love Story⚜️
Roman d'amourငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...