Part_37

26.6K 1K 45
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_37

"အို သားလေးက မြန်မာလူမျိုးလား''

ဒေါ်နွယ်ထားအိမ်ရဲ့ မိတ်ဆက်လာတဲ့ အပေါ်မှာ
နေတင်လက်တွေတင်းခနဲဖြစ်သွားကာ သက်ကလေးရဲ့ လက်ဖဝါးကို သတိလက်လွတ်ဆုပ်ကိုင်မိသွားလေတော့သည်......

"ကိုကိုကြီး "

ကလေးက သူ့လက်ကို ပြန်ဆုပ်ညှစ်ပြီး  သတိပေးသလို ခပ်တိုးတိုးလေး ခေါ်နေရှာလေသည် .....

"အင်း"

သားတဲ့ အမေက သူ့ကို သားတဲ့ .....

ဒေါ်နွယ်ထားအိမ်က သားလို့ ခေါ်လိုက်တဲ့ အသံက နားထဲကနေတစ်ဆင့် သူ့နှလုံးအိမ်ထဲမှာ အကျယ်ကြီး မြည်ဟီးနေကာ သူ့ရင်တွေ တုန်နေလေသည်......

ကျွန်တော်က အမေမလိုချင်လို့ စွန်ပစ်ခဲ့တဲ့သားပါအမေ အဲဒါကို သိရင်ရော သားလို့ ခေါ်အုံးမှာလားဟင် .....

ကကြီးပုံနံဖူးလေးရဲ့အလယ်မှာ ဆံညွှန့်ချွန်ချွန်လေးနဲ့ ကျက်သရေရှိရှိ ခန့်ချောချောတဲ့ အမေဟာ သူ့ကိုကြင်နာစွာ ပြုံးပြီး ကြည့်နေလေသည်.....

"တီတီတို့က သားသမီး မရှိဘူးလေ သားရဲ့ ကိုယ့်သားသမီး အရွယ်လေးတွေ တွေ့ရင် 
ချစ်နေရတာ''

.............

''ကြည့်ပါအုံး သမီးလေးကလည်း ချစ်စရာလေးကွယ် သားနဲ့ အရမ်းလိုက်ဖက်ညီတာပဲ တီတီချစ်လိုက်တာ ''

''ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်''

''သားကို တီတီ့သားအရင်းလေးလို ချစ်တော့ သမီးလေးကတော့ ချွေးမလေးပေါ့ ဟင်းဟင်းဟင်း''

သားအရင်း.....

သားအရင်းတဲ့ .......

"ကို ကျွန်မကို သားလေးတို့စုံတွဲနဲ့ ဓါတ်ပုံ ရိုက်ပေးပါအုံး''

'အိုခေ ဟန်နီ''

ဒေါ်နွယ်ထားအိမ်က သက်ကလေးဘေးမှာ ဝင်ရပ်ကာ ခါးလေးကို ဖက်ပြီး ဓါတ်ပုံ အရိုက်ခံနေတာမို့  သူမှင်တက်နေမိကာ တစ်ကိုယ်လုံး အေးစက်လို့ နေတော့သည်......

သူ့ရဲ့ မင်္ဂလာပွဲကို အမေပါ ရောက်လာပြီး သူတို့နဲ့အတူတူ ဓါတ်ပုံ ရိုက်နေပါတယ်ဆိုတဲ့ အဖြစ်ဟာ သူကြိုပြီးတွေးထားတဲ့ အထဲမှာ မပါလေတော့ စကားကို ဘယ်ကနေ စပြီး ပြောရမလဲဆိုတာ လမ်းပျောက်လို့ နေတော့သည် .....

⚜️Nay Tin's Love Story⚜️Où les histoires vivent. Découvrez maintenant