⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_26"wisteriaတွေထက် လှတဲ့နေရာကို မသွားချင်ဘူးလား ကိုယ်က ခေါ်သွားမလို့ဟာကို"
"ဟင်"
စောင်လေးဖယ် ခေါင်းလေးထောင်ကာ ထလာပြီး...
"တကယ်လား...ဘယ်နားလဲ"
"ရှိတာပေါ့ ပူတူးလေးရဲ့ လိုက်ကြည့်မှ သိမှာပေါ့ လာ ကလေး လာ"
တွေးရခက်နေသလို ပုံမျိုးလေးနဲ့ မျက်ခုံးလေး ရှုံ့နေတဲ့ ဇနီးချောလေးကို နေတင် ချစ်မဝစွာ ပြုံးကြည့်ရင်း ....
"ကဲ လာ"
''Ring Ring ''
ပူတူးလေးကို ချီမလို့ လုပ်ရုံရှိသေး ဖုန်းသံမြည်နေတာမို့ နေတင် တင်းသွားရသည်....
"ကျစ်''
"ဒီအချိန်ကြီးကို ဘယ်ကဖုန်းလဲကွာ"
စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ကြည့်လိုက်တော့ ဒီရဲဆီက...
သူခါးထောက်ကာ မျက်မှောင် ကျုံ့ထားလိုက်ရင်း...
"ဟယ်လို ''
'''ဟေ့ကောင် ဘာလဲ ပြော''
''အာ ဆရာသမားရယ် လေသံလေးတော့ နည်းနည်း လျှော့လေဗျာ'''
'''မလျှော့နိုင်ဘူး ဟေ့ကောင် ဒီမှာ ငါမအားဘူး အရေးအကြီးဆုံး အချိန်ကို ရောက်နေမှ လာဆက်ရလားကွ ငါ့လခွီးတဲ့မှ''
''ဒီမှာ ဒေါက်တာညီရဲတို့ လင်မယား ရောက်နေလို့ ဆက်လိုက်တာပါဗျာ သူတို့က ကိုနေတင်နဲ့ ပြောချင်တယ်ဆိုလို့''
''ဟင်'''
''ကိုဒီရဲ အစ်မကို ဖုန်းခဏပေး''
''ဗျာ ဟုတ်ကဲ့'''
''ဟယ်လို'''
ဒေါက်တာမေဝင်းနွယ်က ဒီရဲလက်ထဲက ဖုန်းကို ယူလိုက်ပုံရကာ ဟယ်လိုလို့ ပြောတဲ့အသံကိုက တော်တော် စိတ်တိုနေတဲ့ဟန်...
သူ speaker ဖွင့်လိုက်ပြီး....
''ဟုတ်ကဲ့ ဒေါက်တာ"
''ကိုနေတင် ရှင် ဘယ်လိုလုပ်လိုက်တာလဲ''
"ဘယ်လိုလုပ်မိလို့လဲ"
''သော်တာလေးကို ဒီတစ်ညနေလုံး မတွေ့လို့ သူ့အိမ်ကို လိုက်သွားတာ အိသဲပြောတော့ ရှင်နဲ့ သွားလည်တာဆို''
YOU ARE READING
⚜️Nay Tin's Love Story⚜️
Romanceငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...