⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_30"အသေးလေးရေ"
"ကလေးရေ"
"ပူတူး"
လူက တော်ရုံခံနိုင်ရည်အင်အားရှိတဲ့သူဆိုပေမယ့် တစ်နာရီလောက်တောထဲပတ်ရှာနေတာတောင် သက်ကလေးရဲ့ အရိပ်အယောင်တောင်မတွေ့ရတော့ နေတင်ခြေထောက်အားတွေလျော့လာရသလို တစ်ကိုယ်လုံးရှိအင်အားတွေလည်း ပျော့လာသလို ရင်ထဲ တလှပ်လှပ်နဲ့ ရူးချင်လာရတော့သည်..
"သက်ကလေးရေ မင်းဘယ်တွေများ ရောက်နေတာလဲကွာ"
မောဟိုက်နွမ်းလျနေသောအသံဖြင့်ရေရွတ်ရင်း နေတင် မြက်ခင်းပေါ်ထိုင်ချလိုက်လေသည်..
ဟိုတစ်ခါကလို ချောက်ထဲများကျနေသလား ..
အန္တရာယ်များကင်းရဲ့လား ဘာများဖြစ်နေပြီလဲဆိုတဲ့ အတွေးပေါင်းသောင်းခြောက်ထောင်ကိုတွေးရင်း လူက အသက်ရှုပါ ကြပ်ချင်လာလေသည်...မဖြစ်သေးဘူး သူ စိတ်ပျက်အားလျော့နေလို့မရဘူး ကလေးက ဘာဖြစ်နေလဲမသိတာကြောင့် အိမ်ကိုသာပြန်ဖို့လုပ်ရလေသည်..
ဖုန်းကပါမလာတာကြောင့်ဖုန်းဆက်ပြီး ရှာဖွေရေးအဖွဲ့ခေါ်ကာ သူ့ကလေးကိုရှာရမည်ဖြစ်သည်...
သူ့တစ်ယောက်တည်းအင်အားနဲ့ဆို ကြာနေရင် ကလေးဒုက္ခရောက်သွားလိမ့်မည်.......တောထဲကနေပြန်ထွက်ကာ အိမ်ရှိရာဘက်ကိုပြန်လာလိုက်သည်..
ပြန်လာစဥ်လည်း လမ်းတစ်လျှောက်လုံး မျက်လုံးကို အလုပ်ပေးကာ ရှာနေမိသည်..
ပါးစပ်ကလည်း တကြော်ကြော် အော်ခေါ်ရင်း အသံတွေက ကွဲအက်လုနီးပါး..."သက်ကလေးရေ"
"အသေးလေးရေ"
အချိန်ဘယ်လောက်ကြာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလဲမသိ....သော်တာ့နားထဲ ကိုကိုကြီး ကသော်တာကို ခေါ်သံလိုလိုကြားသောကြောင့် နိုးသွားလေတော့သည်..
"ကလေးရေ"
"သေးသေးလေး"
"ဟင် ကိုကိုကြီးအသံပဲ"
"ကိုကိုကြီး"
အသံလေးကိုကြားလိုက်တာနဲ့ နေတင်ခြေလှမ်းတွေ တိကနဲ့ရပ်သွားလေသည်...
"ကလေး...ကလေး ဘယ်မှာလဲ"
"ကိုကိုကြီး အနော်ဒီမှာ"
YOU ARE READING
⚜️Nay Tin's Love Story⚜️
Romanceငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...