Part_74

20.6K 981 39
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_74

သူမဖြစ်လာစေချင်တဲ့ကိစ္စ မသိစေချင်တဲ့ကိစ္စကိုအခုတော့ သူ့ပါးစပ်နဲ့ကိုယ်တိုင် ချစ်ရသောသူကို အသိပေးရတော့မယ်နဲ့ တူပါရဲ့....

"မဟုတ်ဘူး ကလေး ကလေးထင်နေသလိုမဟုတ်ပါဘူး အဲ့လိုကြီးမတွေးပါနဲ့ကွာ"

"ဟင့်..အင့် အနော်နားနဲ့ဆတ်ဆတ်ကြားတာ...ဟင့် ကိုကိုကြီးက ဖေဖေသားတဲ့ "

"ဟုတ်ပါတယ်...ဒါပေမယ့်...ဒါပေမယ့် ..."

နေတင်သည် မျက်လုံးအစုံကို မှိတ်လိုက်ရင်း...

"သက်ကလေးက ဦးထွဋ်မြတ်အောင်ရဲ့ သမီးရင်းမဟုတ်ဘူး "

"ရှင်"

ကိုကိုကြီး ပြောလိုက်တဲ့စကားလုံးတွေက သော်တာ့နားထဲမှာ လျှံထွက်သွားပြီး မယုံနိုင်ကြည်လွန်းစွာနဲ့ အလန့်တကြား မော့ကြည့်လိုက်မိတော့ ....

သော်တာ့ကို သနားမဆုံး ဖြစ်နေပုံရတဲ့ ကိုကိုကြီးရဲ့ ကြင်နာနွေးထွေးလှတဲ့ မျက်ဝန်းတွေနဲ့ ဆုံသည် ....

သော်တာ အသံမထွက်နိုင်တော့ပဲ မျက်ရည်တွေနဲ့ ခေါင်းကို ခါယမ်းပြမိတော့  ကိုကိုကြီးက ခေါင်းကို ဖြည်းညှင်း လေးတွဲ့စွာ ငြိမ့်ပြလာလေသည်......

''ယုံလိုက်ပါ ကလေးရယ် ဒါဟာ အမှန်တရားပါ"

''ဟင့်အင်း ကိုကိုကြီး မဟုတ်ဘူး မဟုတ်ဘူး ဖေဖေက အနော့်ဖေဖေပါ အဲဒါ အနော့်ဖေဖေလို့  ''

"ဟီးးးအီး  အဟင့် ဟင့်''

မျက်ရည်တွေ အဆက်မပြတ်ကျနေရင်း
ရှိုက်ကြီးတငင် ငိုနေရှာတဲ့ သက်ကလေးက ကြည့်ရက်စရာကို မရှိ.....

''ကလေးရယ်"

''ဖေဖေကလေ အနော့်ကို အရမ်းချစ်တာ ကိုကိုကြီးရဲ့ အနော်တစ်ချက်ကလေးတောင် မငိုရအောင် အရမ်းကို အလိုလိုက်ခဲ့တာ ဖေဖေရယ် မေမေရယ် အနော်ရယ် အရမ်းကို ပျော်ခဲ့ကြတာ သိလား''

''အနော့်ဖေဖေ မဟုတ်ဘူးဆိုတာ အနော် မယုံပါဘူး မယုံဘူး ကိုကိုကြီး အဟင့် ဟင့် အနော် မယုံဘူးလို့ ဖေဖေရေ  မေမေ..... အဟင့် ဟင့်''

''သက်ကလေး  သက်ကလေး သတိထားစမ်းပါအုံးကလေးရယ်''

သက်ကလေးကို တင်းကြပ်စွာ ပွေ့ဖက်ပြီး မျက်နှာလေးကို ဆွဲခါလိုက်တော့ ငိုလွန်းလို့ ယောင်ဖောင်းနေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို သနားစဖွယ်လေး မော့ကြည့်လာလေသည်...
တိုးတိတ်တုန်ရီနေသော အသံလေးထွက်လာပြီး...

⚜️Nay Tin's Love Story⚜️Unde poveștirile trăiesc. Descoperă acum