⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_15"ခွေးမလေး''
''အဟား နာလိုက်တာကွာ''
နေတင်ရဲ့ ရင်ထဲမှာ လိပ်ပြာအကောင်တစ်သိန်းလောက် တောင်ပံခတ်သလို ခံစားနေရဆဲမှာ အကိုက်ခံလိုက်ရတာမို့ လူက အငိုက်မိသွားရတော့သည် .....
သူ ရင်ဘတ်က ဒဏ်ရာကို ငုံ့ကြည့်ပြီး မှင်တက်မိနေဆဲ အသေးလေးက ကားတံခါးဖွင့်ပြီး အမြန် ပြေးဆင်းသွားကာ ဖြတ်မောင်းလာတဲ့ လိုင်းကားကိုတားပြီး ကားပေါ်ကို ပြေးတက်သွားတော့သည်.....
"ကျစ် ''
''လုပ်ပြန်ပြီကွာ''
နှစ်ကြိမ်နှစ်ခါတောင် ကားပေါ်က သွားဆွဲချနေလည်း မကောင်းတော့တာမို့ လိုင်းကားနောက်ကနေ ခပ်ဖြည်းဖြည်းသာ လိုက်လာခဲ့တော့သည်....
Gordon ဖက်ကို ချိုးကွေ့ဝင်ရမယ့် လမ်းဆုံရောက်တော့ ကားရပ်သွားပြီး ကားပေါ်ကနေ အသေးလေး ဆင်းနေတာ မြင်ရသည်.....
သူဝယ်ပေးထားတဲ့ ဂါဝန်လေး တစ်လွှင့်လွှင့်နဲ့ ပြေးနေတဲ့ အသေးလေးဟာ ချစ်မဝချင်စရာလေး ဖြစ်သည်.....
အဟွန်း ချစ်စရာလေးမို့ အသည်းယားပြီး စမိတဲ့ဟာကို ငါ့ကို ကိုက်သွားလိုက်တာများ မညှာမတာပဲ ထက်လိုက်တဲ့သွားကွာ ဟားဟား....
သူမရဲ့ရှေ့သွားကြီးကြီးလေး နှစ်ချောင်းရဲ့ အရာက သူ့ရင်ဘတ်မှာ အကွင်းလိုက်ကြီးထင်းနေလေသည်... ခုနကဆို သွေးတွေပါထွက်နေတာ ...
"ဟော ဟော တတ်နေတာ ကြည့်စမ်း''
Gordon ထဲကို ဝင်မယ့်ကားကို မြင်တော့ ဝမ်းသာအားရ ပုံမျိုးလေးနဲ့ ခုန်ဆွခုန်ဆွ လုပ်နေကာ တားစီးပြီး လိုက်သွားတော့သည်....
"ဟားဟား အသေးလေးက ငါနဲ့ကားအတူတူစီးရမှာ တော်တော်ကို ကြောက်နေရှာ တာပဲ ...
အလကား အရူးမလေး ငါက ဘာမှမလုပ်ရသေးဘဲနဲ့ လာကြောက်နေတယ်""အဟွန်း''
ဝင်းထဲကို ရောက်တော့ သူတို့ဆေးအဖွဲ့အဆောင်တွေနဲ့ အနီးဆုံးနေရာမှာ ဆင်းသွားတော့သည်....
သူအဆောင်ထိ လိုက်မလို့ စိတ်ကူးပြီးကာမှ ကားကို သူ့အိမ်ကို ရောက်အောင် မောင်းလာခဲ့လိုက်သည် ....
ESTÁS LEYENDO
⚜️Nay Tin's Love Story⚜️
Romanceငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...