Part _76

26.2K 1K 38
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_76

"အရုပ်တွေ ရမယ် အရုပ်တွေ''

''ကားတွေပါတယ် ပူဘောင်းတွေပါတယ်  သေနတ်တွေပါတယ်''

ဆေးရုံနားကို ရောက်လာလို့ ကားကို အရှိန်လျှော့လိုက်တော့ ကလေးတွေ ကြိုတ်တဲ့ အရုပ်တွေ အများကြီးကို လက်နဲ့ကိုင်လို့ရတဲ့ stand မှာ ချိတ်ပြီး အော်ရောင်းနေတဲ့ သူတစ်ယောက်ကို မြင်လိုက်ရသည် .....

သူ့အကွက်အလိုက် အဆင့်ဆင့်လေးတွေချိတ်ထားတဲ့ပုံက ကလေးတွေအတွက်တော့ သွားရည်ကျချင်စရာ တခြားအရုပ်တွေကို လှည့်တောင် မကြည့်တဲ့ အမောင် ဂါမဏိက သေနတ်တွေကို မြင်တော့ အငြိမ်မနေနိုင်တော့......

"လေးလေး ဒီရဲ ဟိုးထား''

သူမကြားချင်ယောင်ဆောင်ပြီး ဆက်မောင်းလာတော့  စျေးသည်ကို ခေါင်းမူးလောက်အောင် လှည့်ကြည့်နေပြီး ပျာယာခတ်နေတော့သည် .....

''ဟေ့ကောင် ငြိမ်ငြိမ်နေလေ အဲဒါက ဘာဖြစ်တာလဲ မင်းဖင်ကို လောက်ထိုးနေတာလား"

''လောက်က ဘာလဲ လေးလေး''

''ဟေ ဘာမှ မဟုတ်ဘူးကွာ မေးမိတဲ့ ဟောဒီ ငမိုက်သား အပြစ်ပါလို့''

'''ငမိုက်သားက ဘယ်သူလဲ''

''ဟားဟားဟား'''

''ကျွီ'''

ကားပါးကင်မှာ ကားရပ်လိုက်တာနဲ့  အရုပ်သည်ဆီ ပြေးဖို့ ပြင်နေတဲ့ ငမြွေထိုးကို  ဒီရဲဖမ်းဆွဲကာ ပခုံးပေါ်မှာ ထမ်းတင်လိုက်သည်.....

''လေးလေး သေနတ်ဝယ်ပေးလို့  ဝယ်ပေး  သားသား သေနတ်ရချင်တယ်လို့"

''မင်းခါးက သေနတ်က ဘာလုပ်ရမှာလဲ လွှင့်ပစ်လိုက်ရတော့မလား''

''အာ နှစ်လက်ယူမှာလို့  သားသား နှစ်လက်ယူမှာ ''

''ဘာ နှစ်လက်လဲ အခန်းထဲရောက်လို့ မင်းအမေနဲ့ တွေ့မှရှင်း''

''ဒေါက်ဒေါက်'''

တံခါးခေါက်သံကြားလို့ သော်တာ ဖွင့်ပေးလိုက်တော့ သားကို ပခုံးမှာ ထမ်းထားတဲ့ကိုဒီရဲ ....

''ဟောတော် သားလေးက လေးလေးကို ဘာတွေ ဂျီကျလာပြန်တာလဲ  လာ မေမေ့ဆီ လာ "

⚜️Nay Tin's Love Story⚜️Where stories live. Discover now