⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_60သားလေးကို သူချစ်မဝစွာ ပြုံးငုံ့ကြည့်နေရင်း အသဲတွေ ယားလာတော့ အခုချိန်ထိ ပါးစပ်အငြိမ်မနေသည့် အစားပုတ်လေးကို အသာအယာလေး ဆွဲလှည့်လိုက်မိတော့သည်....
"အာကွာ အဟွန်း"
ပါးမှာ စို့လက်စ နို့ရည်ဖြူဖြူ အစက်လေးက ကပ်ပါလာပြီး ချစ်ဖို့ ကောင်းလှတဲ့ သားရဲ့မျက်နှာလေးကို နေတင်မြင်လိုက်ရတော့....
"ဟင်''
''သား''
''သားကြီး ဂါမဏိ''
''ဂါမဏိတင်ထွဋ်''
သူ့ရင်တွေက ပေါက်ထွက်လာတော့မတတ်ကြီး အဆမတန် ခုန်နေကာ တစ်ကိုယ်လုံး တုန်နေလေသည်....
သားက သူဆွဲထားတဲ့ ပန်းချီပုံထဲက ရုပ်ကလေးအတိုင်း တစ်ပုံစံထဲကို တူနေတာလေ ....
ဒီအရွယ်လေးမှာတောင် ထင်းနေတဲ့ မျက်ခုံးမျက်လုံးနဲ့ နှာတံပေါ်ပေါ်လေး ပါးဖောင်းဖောင်းလေးတွေကြားက နှုတ်ခမ်းလေးတွေက အခုထိ တလှုပ်လှုပ် ဖြစ်နေသေးတာကို ကြည့်ပြီး နေတင် အသဲယားလှသည် .....
အမွှေးအမှင် သန်စွမ်းပုံရတဲ့ သူ့ရဲ့ သားချောလေးဟာ နှုတ်ခမ်းမွှေးနဲ့ ပါးသိုင်းမွှေးနေရာတွေမှာ မွှေးညှင်းနုနုလေးတွေကို ရေးတေးတေး မြင်နေရလေသည် .....
''အဟားဟား ငါ့သားကြီးကွ ဖေဖေ့သား
သုနေတင်ထွဋ်ရဲ့ သားချောသားလှကြီး ဟားဟားဟားဟား"ကိုကိုကြီးရဲ့ မျက်နှာကြီးက လပြည့်ညမှာ ထွက်ပေါ်လာတဲ့ လမင်းကြီးလို ဝင်းလက်တောက်ပနေပြီး ရင်ခေါင်းသံကြီးနဲ့ အော်ဟစ် ပျော်မြူးနေရှာတာကို ကြည့်ရင်း သော်တာ ချစ်မျက်စောင်းလေး ထိုးလိုက်မိလေသည်.....
"ဟွန့် အနော့်သားကို အခုမှ သူ့သား လာလုပ်နေတယ် သွား အဲဒါ ကိုကိုကြီးသား မဟုတ်ဘူး
အမြဲစိမ်းတောရဲ့သား''နေတင်ရဲ့ မျက်နှာက ညိုးသွားရပြီး....
"ဟာ မိန်းမကလည်းကွာ ကိုကိုကြီးက အဲဒီတုံးက ဘာမှ မမှတ်မိလို့ပါကွာ နော် စိတ်မကောက်နဲ့လေ နော် ပူတူး"
ESTÁS LEYENDO
⚜️Nay Tin's Love Story⚜️
Romanceငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...