Part_44

21.9K 977 159
                                    


⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_44

"ဘာတွေလာပြောနေတာလဲ...တော်ရုံပဲ အူတိုစမ်းပါ သက်သော်တာထွဋ်ရာ....မိန်းမဆိုလို့ မင်းနဲ့ပဲပတ်သက်ဖူးတာလို့ ငါဘယ်နှစ်ခါပြောရမလဲ...တော်ရုံပဲ ကလေးဆန်ကွ"

"ကိုကိုကြီး"

သူ့ကို မယုံနိုင်သလို မော့ကြည့်လာတဲ့ အံဩထိတ်လန့်နေရှာတဲ့ မျက်ရည်တွေအပြည့်နဲ့ မျက်ဝန်းလေးတွေကြောင့် နေတင့်ရင်ထဲမှာ ဆို့နင့်သွားရပြီး.....

သက်ကလေးကို လက်ဖျားလေးကနေ တယုတယ ဆွဲယူကာ ရင်ခွဲထဲမှာ ဆွဲသွင်းထားလိုက်သည်.....

ဆံပင်ရှည်တွေကို လက်နဲ့ဆွဲဖွလိုက်ရင်း....

''ဘာလို့ သွားဖြောင့်လိုက်ရတာလဲ ပူတူးရယ်  ကလေးရဲ့ ဆံပင်ကောက်ကောက် အညိုရောင်လေးတွေက လုံးဝကို unique လေကွာ"

''အဲဒါလေးက ကိုယ့်ကလေးမှာပဲ ရှိတာလေ"

''အနော့်ကို ပူဒယ်လ်လို့ ခဏခဏပြောနေတော့ ကိုကိုကြီးက မကြိုက်ဘူး ထင်လို့ပေါ့လို့''

''ဟာကွာ ဒီကောက်ကွေးလေးတွေကို ချစ်ရလွန်းလို့  ဒီမှာ သေတော့မယ့်ဟာကို ပူဒယ်လ်လေးလို့ ခေါ်တာက ချစ်လို့ စတာလေ''

''ဒါဆို အခု အနော်က ဘယ်လိုလုပ်ရတော့မှာလဲလို့ ဆိုးဆေးအနက်ရောင်လည်း အနော်က အခုမှ ဆိုးဖူးတာ ဖြောင့်တာကလည်း အရမ်းပူတာပဲ နံလည်းနံ ညောင်းလည်ညောင်းနဲ့ ကိုကိုကြီးများ ကြိုက်မလားလို့ သည်းခံပြီး လုပ်လာရတဲ့ဟာကို အနော့်ကို လာဆူနေတယ် ဟီး အီးးး''

သက်ကလေးက ပြောရင်းငိုရင်းနဲ့ မျက်ရည်ပေါက်ကြီးတွေ တလိမ့်လိမ့် စီးကျလာပြီး အော်ငိုတော့တာမို့ နေတင်ပျာသွားရတော့သည်......

"ဟာ ပူတူးလေး မငိုရဘူးလေကွာ  တိတ် ကလေး တိတ်''

"ဟီးးးး အီး ကိုကိုကြီးက လူဆိုးကြီး အနော့်ကို ဆူတယ်'''

''အာ ပြဿနာပါပဲကွာ"

နေတင် သက်ကလေးကို ကုတင်ပေါ်ကို ချီပွေ့လာကာ မျက်ရည်တွေကို သုတ်ပေးနေရင်း.....

"ဆူတာ မဟုတ်ရပါဘူးကွာ ကိုယ်က သက်ကလေးကို အဲဒီဆံပင် ညိုညိုကောက်ကောက်လေးတွေနဲ့ တွဲမြင်ပြီး ချစ်ခဲ့ရတာဆိုတော့ ရုတ်တရက် နှမျောသွားလို့ပါကွာ ''

⚜️Nay Tin's Love Story⚜️Donde viven las historias. Descúbrelo ahora