⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_21"ဘာဖြစ်နေကြတာလဲ"
"ဦးနေ"
"အီးးး ကိုကြီး"
သေးသေးလေးရဲ့Scheduleကို အလွတ်ရနေသော နေတင်သည် အပြင်က ရောက်ရောက်လာခြင်း အချိန်ကို ကြည့်လိုက်ကာ ကြိုဖို့အတွက် ဆေးရုံဘက်သို့ ထွက်လာစဥ် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးပြူးသွားရလေသည်....
ဟိန်းထက်စံက မြေပြင်ပေါ်မှာ လူးလှိမ့်နေကာ အသေးလေးက ခဲကြီးကိုင်ကာ ထုဖို့ ဟန်ပြင်နေလေသည်...
"အသေးလေး လက်ထဲက ခဲကြီးကို ချလိုက်စမ်း "
နေတင်သည် ခဲကြီးကို ဆွဲယူကာ အောက်ကို ပစ်ချလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပုဝါကိုထုတ်ကာ သက်သော်တာထွဋ်ရဲ့ လက်ကို သုတ်ပေးနေလေသည်...
"ဘာဖြစ်နေကြတာလဲ အသေးလေး"
"ဘာမှမဖြစ်ပါဘူး အချိုးမပြေလို့ နားအုံခါပေးလိုက်တာ"
သော်တာသည် တိတိကျကျမပြောပဲ ကွေ့ဝိုက်ကာ ပြောလိုက်လေသည်...
ဦးနေကြီးရဲ့ အကြည့်စူးစူးတွေက ထိုလူဆီကို ရောက်သွားကာ.."ထစမ်း ဟိန်းထက်စံ"
"ကို...ကိုကြီး"
"မင်း ဘာပြဿနာရှာပြန်ပြီလဲ"
"ထက်စံ ကို သူလုပ်တာ ဒီမှာကြည့်ပါအုံးကိုကြီးရယ် သွေးတွေပါထွက်တယ် အီးးးး"
နှာခေါင်းက ယိုနေဆဲ သွေးတွေကိုသုတ်ကာ ပြောရင်းဆိုရင်း ငိုချပစ်လိုက်တာမို့ သော်တာသည် နှာခေါင်းရှုံ့ကာ မျက်နှာကို မဲ့ချလိုက်လေသည်...
"အနော် မလွန်ဘူးနော် ဦးနေ "
လက်ကလေးတစ်ဖက်က နောက်ကိုပစ်ထားပြီး နောက်လက်တစ်ဖက်က ခါပြနေတဲ့ပုံလေးက သူ့မျက်လုံးထဲမှာ ချစ်စဖွယ်အတိ....
""ကိုယ့်ကို ပြော ကိုယ်ရှင်းပေးမယ်"
"နေပါစေ ဦးနေ ခေါင်းရှုပ်ခံနေစရာ မလိုဘူး အနော် ပညာပေးလိုက်ပြီ ဦးနေက ဒီလောက်အလုပ်များတာ အရာရာလိုက်ပြီး ခေါင်းထဲထည့်မနေနဲ့"
"ဒီလိုတော့ ဘယ်ဟုတ်မလဲ မင်းကို ပြဿနာလာရှာရင်တော့ ကိုယ့်ကိစ္စဖြစ်သွားပြီလေ"
YOU ARE READING
⚜️Nay Tin's Love Story⚜️
Romanceငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...