⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_65သားကို ဆွဲထုတ်ပြီး ကုတင်ပေါ် တင်နေစဉ် အနောက်လှုပ်ရှားမှုကြောင့် နေတင် လှည့်ကြည့်လိုက်တော့.....
"ဟင်''
''သက်ကလေး''
''သက်ကလေး''
သားကို ကုတင်အလယ်နားထိ ရောက်အောင် အမြန်ရွှေ့ထားပေးလိုက်ပြီး သက်ကလေးကို ဆွဲပွေ့ကာ ထူရတော့သည်......
သက်ကလေး မျက်နှာက သွေးမရှိတော့သလိုမျိုး ဖြူဆုတ်နေကာ သတိပါ မရှိတော့တာမို့ နေတင်ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ ပူလောင်နေရတော့သည်....
''သက်ကလေး"
''သက်ကလေး''
''မိန်းမ''
''ဟာ ဒုက္ခပါပဲကွာ ဘာများ ဖြစ်တာလဲ မိန်းမရယ်''
သူ့ဘောင်းဘီအိတ်ထဲကနေ ဖုန်းကို အမြန်ထုတ်ကာ ဒေါက်တာမေဝင်းနွယ်ကို ဖုန်းဆက်အကြောင်းကြားလိုက်ပြီး သက်ကလေးကို ချီကာ နှစ်ယောက်ထိုင် ဆိုဖာရှည်ကို လျှောက်လာခဲ့သည်......
အခုချိန်ထိ မှေးယှက်ကာ ပိတ်ထားဆဲ မျက်ခွံနဲ့ မျက်တောင် ရှည်ကော့ကော့တွေကြောင့် သူသိပ်ချစ်ရတဲ့ မျက်ဝန်းညိုလေးတွေက အခုထိ ပွင့်မလာသေး......
''ကိုယ့်အသက်"
''သက်ကလေး''
''အသက်''
မေးဖျားလေးကို အသာအယာ လှုပ်ခါရင်း နိုးနေပေမယ့် အကြောင်းမထူးတာကြောင့် နေတင် ရူးချင်လာရတော့သည်....
''ကိုယ့်ကို ဒီလိုနည်းနဲ့ မနောက်နဲ့လေ ကလေးရယ် မင်းတစ်ခုခု ဖြစ်လို့မရဘူးလေ ကိုယ်က မင်းရှိမှ ဖြစ်မှာလေ မင်းမရှိရင် မင်းယောက်ျား သေသွားမှာပေါ့ "
''သက်ကလေး''
''ကိုနေတင် ဒေါက်တာ ရောက်လာပြီ"
''ဟာ ဒေါက်တာ လုပ်ပါအုံး ကျွန်တော့မိန်းမကို မြန်မြန် လေး ကြည့်ပေးပါ ဒေါက်တာရယ်''
အလွန်အမင်း စိတ်ပူပန်နေတဲ့ အသံနဲ့ ကိုနေတင်က ဖုန်းဆက်လာတော့ မေဝင်းနွယ် ချက်ချင်းပြေးလာခဲ့တာ .....
ဒီရောက်တော့ ကိုနေတင်က သော်တာလေးကို တယုတယ ထွေးပွေ့ထားပြီး မျက်နှာက ပြင်မရအောင် ပျက်နေကာ မျက်လုံးအိမ်မှာလည်း မျက်ရည်တွေနဲ့ အပြည့် ဖြစ်နေရှာလေသည်....
YOU ARE READING
⚜️Nay Tin's Love Story⚜️
Romanceငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...