⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_46လေဆိပ်ကနေ မောင်းလာတဲ့ကားက ကန်လမ်းထဲကို ချိုးကွေ့ချလိုက်တော့ နေတင်ရင်ထဲမှာ ဟာခနဲ ဖြစ်သွားရတော့သည်......
အိမ်ကိုရောက်ရင် သူ သက်ကလေးကို ထားရစ်ခဲ့ပြီး ဆေးရုံကို သွားရတော့မှာလေ ......
အခုက သက်ကလေးရဲ့ ကားနောက်ကနေ တောက်လျှောက်လိုက်လာခဲ့ပြီး မျက်တောင်မခတ် ကြည့်နေခွင့်လေးတော့ ရှိနေသေးသည် .....
သက်ကလေး လေယာဉ်ပေါ်ကနေ ဆင်းလာတော့ မလှုပ်နိုင်အောင် ပျော့ခွေနေရှာတာမို့ အနားကို ပြေးသွားပြီး ထွေးပွေ့လိုက်ချင်တဲ့စိတ်ကို အံကြိတ်ပြီး မနည်း ထိန်းထားခဲ့ရသည်.....
အိမ်ရှိတဲ့ လမ်းသွယ်လေးထဲကို ချိုးဝင်ပြီးကားကရပ်သွားပြီမို့ သူတို့ကားကိုလည်း မလှမ်းမကမ်းမှာ ရပ်ထားလိုက်သည် ....ခြံတံခါးဆင်းဖွင့်ရင်း
ဆန်းတိုးက မသိမသာ ခေါင်းဆတ်ပြလေသည်....ဆန်းတိုးက ကားမောင်းဝင်သွားပြီး ခြံတံခါးကို ဟထားပေးတာမို့ ကားကို ရှေ့နားကို တိုးကာ ရပ်ခိုင်းပြီး နေတင် ခြံထဲကို ကြည့်နေလိုက်သည်.....
ပြည်လမ်းနဲ့ အင်းစိန်လမ်းကို ဆက်သွယ်ထားတဲ့ ကန်လမ်းမပေါ်နေ ချိုးလိုက်တာနဲ့ လမ်းသွယ်လေးတွေရှိကာ လုံချင်းအိမ်ကြီးတွေ ရှိတဲ့နေရာ သန့်သန့်လေးမို့ အသေးလေး စိတ်တိုင်းကျမည် ထင်ပါသည် .....
အင်းယားကန်နဲ့နီး ဘဏ် ဆေးရုံ ဆေးခန်း စျေးနဲ့လည်း နီးတဲ့အပြင် အစားအသောက်တွေလည်း အစုံရနိုင်တဲ့ နေရာဖြစ်သည် .....
သူသဘောအကျဆုံးကတော့ ကပ်လျက်အိမ်က အိမ်ကြီးရှင်ကိုပါပဲ ...
အနေအထိုင် တည်တံ့ပြီး စီးပွါးရေးလောကမှာ နာမည်တစ်လုံးနဲ့ နေတဲ့အပြင် character က လုံးဝကို သူ့စရိုက် .....အရာရာမှာ ကွက်ကျော်မြင်ကာ သူ့လိုလူကို တော်ရုံလူက ယှဉ်ဖို့မလွယ်တော့ သူနေထိုင်ရာ ပတ်ဝန်းကျင်မှာ အလွန်အေးချမ်းလုံခြုံလေသည်... အပ်ကျတာကအစ သိတယ်ဆိုတဲ့သူမျိုး ....
ဒီအိမ်ကို ကြိုက်စျေးပေးဝယ်ကာ ကပ်လျက်က ကွက်လပ်ကိုပါ ဝယ်ပြီး ခြံကျယ်ကျယ်ဖြစ်အောင် လုပ်ထားပေးလိုက်သည် .....
Gordon လောက်မကျယ်ပေမယ့် ကိုယ့်ကလေး နေပျော်ပါလိမ့်မည်......
DU LIEST GERADE
⚜️Nay Tin's Love Story⚜️
Romantikငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...