Part_56

23.4K 1.1K 69
                                    

⚜️Nay Tin's Love Story⚜️
~~~~~~
Part_56

"ရူးနေတာက သော်တာလေး .....ကိုယ့်အပေါ် မကောင်းတဲ့ လူကို သော်တာလေးက ဘာလို့  ကာကွယ်ပေးနေရတာလဲ"

"ဟေ့လူ ခင်ဗျားပါးစပ်ကနေ အနော့်ယောကျာ်းအကြောင်း ထွက်မလာစမ်းနဲ့ မတန်ဘူး "

"မိသော်  ညည်းစကားပြောတာ ဆင်ခြင်ပြောစမ်း  "

"အန်တီ့သားကိုသာ ဆင်ခြင်ခိုင်းစမ်းပါ လင်ရှိနေတဲ့ ဗိုက်ကြီးသည်ကို သူပြောနေတဲ့ စကားတွေက အောက်တန်းကျလိုက်တာ  အန်တီ မမြင်ဘူး မကြားဘူးလား "

"ကဲ တော်ကြတော့ တော်ကြတော့ အားလုံးတော်ကြပါတော့ "

"သမီး စိတ်ကို အေးအေးထားစမ်း ဖေဖေပြောတာကို နားထောင်"

"နားမထောင်ချင်တော့ဘူး ဖေဖေ ​ ...ဖေဖေပြောမှာတွေက  အဓိပ္ပါယ်မှ မရှိတာ အနော်ပြန်တော့မယ်"

ထမင်းစားပွဲပေါ်မှာ တင်ထားတဲ့ သော်တာရဲ့ အိတ်လေးကို ကောက်လွယ်ပြီး ပြန်ဖို့  ထလိုက်တော့သည်..

"ဖေဖေ့စကားကိုဆို သမီးက ဘာလို့ နားမထောင်ချင်ရတာလဲ ဘယ်တော့မဆို အမြဲ တမ်း ဆန့်ကျင်နေရမှ ကျေနပ်တာလား"

"ဆန့်ကျင်လိုက်တဲ့ အရာတိုင်းက အနော့်အတွက် အကျိုးရှိတာတွေချည်း ဖြစ်သလို ဖေဖေ့အတွက်လည်း ဆိုးကျိုးမဖြစ်တဲ့အရာတွေပါ"

"အကျိုးရှိတယ် ဘာကို အကျိုးရှိတာလဲ နင့်ကိုပိုက်ဆံပေးပြီး မောင်းထုတ်နေတာက အကျိုးရှိတာလား မယားကြီးရှိနေတာက အကျိုးရှိတာလား"

"အဲဒါက အနော်တို့ လင်မယားကြားက ကိစ္စတွေပါ ဖေဖေဘာမှ မသိပါဘူး"

"အေး အခုလည်းမသိချင်ဘူး နောက်လည်း မသိချင်ဘူး အဲဒီ မျိုးမစစ်ကောင်ကို မေ့လိုက်တော့ "

"နင့်ကို သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းမယ့်
  ခန့်မင်း တစ်ယောက်လုံးရှိတယ် အစတည်းက ငါက သူနဲ့ပဲ သဘောတူခဲ့တာလေ အခုထိလည်းသူက သမီးကို မေတ္တာ မပျက်သေးဘူး"

"ဟုတ်တယ် သော်တာလေး ကိုယ်မင်းကို အခုအချိန်အထိ မမေ့နိုင်ခဲ့ဘူး"

"ဟွန့်   ရွံလိုက်တာ"

သော်တာက ခန့်မင်းသာရဲ့ မျက်နှာကို တည့်တည့်ကြည့်ပြီး မဲ့ရွဲ့ကာ ပြောလိုက်တော့ ....

⚜️Nay Tin's Love Story⚜️Unde poveștirile trăiesc. Descoperă acum