Part_41

25.3K 1K 31
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_41

အသေးလေးအသံက နဂိုတည်းက စူးကာကျယ်တဲ့အပြင် ကီးကြောင်နေပြီး သူနားရွက်အနား ကပ်ကပ်အော်အော်ပြီးဆိုပြနေတာကြောင့် နေတင်သည် ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ နားတွေလည်း ငြီးကာ အူထွက်နေပြီဖြစ်လေတော့သည်..
ခွေးမသား ဒီရဲဇော် ငါခံရတာထက် ဆယ်ဆ မင်းခံစားစေရမယ်....

"ဘယ်လိုလဲ ဦးနေတင် အနော်ဆိုတာ ကောင်းလား ကြိုက်လား''

မကောင်းဘူး ပြောရင်လည်း စိတ်က ပိုကောက်အုံးမည်  ....ကြိုက်တယ် ကောင်းတယ်လို့ ပြောရင်လည်း နောက်ထပ် ဘယ်နှစ်ပုဒ်  ထပ်ဆိုအုံးမည်မသိ....

ဒါပေမယ့် ဒါ သူ့အသက် ဆိုနေတာလေ တခြားလူမှမဟုတ်ပဲ ကောင်းတယ်ပဲ ပြောရမှာပေါ့.....

"အဟဲ အရမ်းကောင်း''

''အိုးခေ  အနော့်ယောကျ်ားက အမြဲတမ်း အဲဒီလို ဖြစ်နေရမယ် ဘာသီချင်း ထပ်ဆိုရမလဲ ပြော''

''ရတယ် ကလေး ကြိုက်တာဆို''

''အာ အဲလို မလုပ်နဲ့လေ ကြိုက်တာကိုတောင်း .....
ဆိုစေချင်တဲ့ သီချင်းကိုတောင်း KTV မှာ ရှင်ကြီးတို့ အဲဒီလို တောင်းကြတာ မဟုတ်ဘူးလား"

''အာ မတောင်းပါဘူး မိန်းမရယ် ကိုယ်တစ်ခါမှ မတောင်းဖူးဘူး''

''ဪ သီချင်းမတောင်းဖူးတဲ့လူက KTVမှာ ဒီအချိန်ထိ ကြာနေခဲ့တယ်ပေါ့လေ''

''ဟိုဖက်က အဲဒီဆိုင်မှာ ချိန်းလို့ သွားတာပါ မိန်းမရယ် ကြာတာကလည်း စျေးကညှိမရဘူး ဖြစ်နေလို့ပါကွာ ''

''ဟွန့် စျေးညှိမရတာက တော်တော် အဲဒီမှာ အကြာကြီး နေချင်တဲ့စိတ်က များများဟာကိုများ မသိရင်ခက်မယ်''

"ကိုယ်က ဘာလို့ အကြာကြီး နေချင်ရမှာလဲ  ကလေးရယ် တစ်ချိန်လုံး  နာရီကြည့်နေတာပါကွာ အရက်လည်း အများကြီး မသောက်ပါဘူး Mr.Chao ကတောင် ဒီတစ်ခေါက်သောက်တာ နည်းလို့ဆိုပြီး ခွက်ထဲကို အတင်းလာထည့်နေတာ''

''လူတစ်ကိုယ်လုံး ဆင်ခြေတွေကြီးပဲ ကြည့်လို့ကို မရဘူး''

''အာ အဲလိုကြီးတွေ မပြောရဘူးလေကွာ ကိုကိုကြီးက တကယ်ကို အလုပ်ကိစ္စ စကားပြောဖို့ သွားတာပါ အသက်ရယ်....
စားဖို့လည်းမဟုတ်ဘူး သောက်ဖို့လည်းမဟုတ်ဘူး သီချင်းနားထောင်ချင်လို့လည်း မဟုတ်ဘူး "

⚜️Nay Tin's Love Story⚜️Where stories live. Discover now