မီးရောင်စုံအောက်မှာမြူးကြွတဲ့သံစဥ်တွေနဲ့အတူကခုန်နေတဲ့မိန်းကလေးတစ်ဦး။
ဝိုင်သောက်ထားတဲ့အရှိန်ကြောင့်သူမခန္ဓာကိုယ်ကလေထဲလွင့်နေသလိုခံစားနေရသည်။
ထိုစဥ်ယောကျ်ားနှစ်ယောက်ကသူမနားကပ်လာပြီးသူမလက်မောင်းအားမထိတထိလာပွတ်သပ်၍သူမနှုတ်ခမ်းလှလှလေးအားခပ်မဲ့မဲ့ပြုံးလိုက်ပြီးသူမလက်မောင်းအားလာကိုင်သူမျက်နှာအားတံတောင်နဲ့နောက်ပြန်ဆော်ထည့်ပစ်လိုက်ကာ
''ကိုကိုတို့ရေ.....''
သူမအသံကdjသံကိုပင်လွှမ်းခြုံသွား၍သူမအသံကိုကြားလိုက်ရတဲ့သူတို့နှစ်ဦးစားပွဲပေါ်ကအရက်ပုလင်းနဲ့ဝိုင်ပုလင်းကိုတစ်ယောက်တစ်လုံးဆွဲကာနေရာမှထလာခဲ့ကြလေသည်။
အရပ်ရှည်ရှည် အသားဖြူဖြူ ကိုယ်လုံးကိုယ်ထည်တောင့်တင်းလှသောသူတို့ညီအစ်ကိုနှစ်ယောက်ကဒီကလပ်ရဲ့ဆရာကြီးတွေ။
ရဲစွမ်းသတ္တိနဲ့ရဲသွေးသတ္တိဆိုရင်ဘယ်သူမှရန်လာမစရဲ။
လက်ရဲဇက်ရဲနဲ့ဆေးချတာနဲ့လူသ.တ်တာကလွဲရင်မလုပ်ရဲတာဘာမှမရှိသောသူတို့အားအကြောင်းသိသူတိုင်းကကြောက်ကြသည်။အခုဒီဆရာကြီးတွေရဲ့ညီမကိုမှလာထိရဲတဲ့သူရှိသေးတာပဲ။
''ခွမ်း''
ရဲစွမ်းလက်ထဲကဝိုင်ပုလင်းနဲ့သူ့ညီမနားကပ်နေသောကောင်းရဲ့ခေါင်းအားရို.က်ခွဲပစ်လိုက်၏။
ရဲသွေးကလည်းထိုငနဲနှစ်ကောင်ရဲ့အဖော်တွေကိုဆော်ပလော်တီးရင်း ချက်ချင်းဆိုသလိုပဲထိုနေရာကရန်ပွဲကြီးဖြစ်သွားရလေတော့သည်။
''ချချ ေ.သအောင်သ.တ်ကိုကို လက်ကိုအရိုးချိုးပစ်လိုက်''
ဘေးကညီမဖြစ်သူကအားကြိုးမာန်တက်နဲ့မြှောက်ပေးရှာ၏။
''မှတ်လောက်အောင်ဆုံးမပစ် နေကြာပွင့်ကိုများလာထိရဲရတယ်လို့ ခွေးသူတောင်းစားတွေ''
သိပ်မကြာပါ။securityတွေရောက်လာပြီးဝင်ထိန်း၍သူတို့ရန်ပွဲကအနည်းငယ်ငြိမ်သွားလေသည်။
__________
''တောက်! တော်တော်ကိုရှက်ဖို့ကောင်းတယ် ဒါမျိုးဖြစ်တာဘယ်နှစ်ခါရှိပြီလဲ ဟမ် သားသမီး´လေးယောက်မွေးထားပါတယ် သုံးယောက်ကစုန်းပြူး''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]