မနက်မိုးလင်းတာနဲ့ထုံးစံအတိုင်းရဲစွမ်းတစ်ယောက်စိမ်းအတွက်မနက်စာထပြင်ရသည်။
သူမကသူ့အပေါ်မလိုလားလည်းသူကတော့သူမအားအရမ်းချစ်တာမို့သူ့ဘက်ကဝတ္တရားလုံးဝမပျက်ကွက်ခဲ့ပေ။သူမနက်စာပြင်နေတုန်းစိမ်းကထမင်းစားခန်းထဲဝင်လာလေ၏။
''စိမ်း နိုးပြီလား ကိုယ်မနက်စာမြင်ထားတယ်''
စိမ်းစားပွဲပေါ်ကမြီးရှည်ပန်းကန်ကိုကြည့်ကာ
''မစားတော့ဘူး ကျွန်မသွားတော့မယ်''
သူစိမ်းလက်ကိုဆွဲကာတားလိုက်ပြီး
''နေပါဦးစိမ်းရယ် မနက်စာလေးတော့စားသွားပါ ကိုယ်တကူးတကပြင်ပေးထားတာ''
''ကျွန်မမစားဘူးလို့ပြောနေတယ်လေ''
ပါးစပ်ကပြောရင်းစိမ်းသူမလက်ကိုဆွဲထားတဲ့ရဲစွမ်းလက်ကိုဆွဲဖြုတ်ပြီးတွန်းလိုက်ရာရဲစွမ်းနောက်ကိုယိုင်သွားရပြီးလူကလည်းစားပွဲပေါ်ကဟင်းရည်ပန်းကန်ထဲလက်ထောက်မိလျက်သားဖြစ်သွားရလေသည်။
''အာ့''
''ဟင်!''
စိမ်းချက်ချင်းပဲသူလက်ကိုဆွဲယူပြီးအနားကဘေစင်ဆီခေါ်သွားကာသူ့လက်အားရေဆေးပေး၍
''ရှင်ဟာလေ ကျွန်မကိုလူဆိုးမကြီးဖြစ်အောင်သိပ်လုပ်တာပဲ ရှင်အရမ်းပူသွားလား''
''အင်း အရမ်းပူတယ်''
''လာလာ''
စိမ်းသူ့အားအိမ်ရှေ့ဧည့်ခန်းဆီခေါ်လာပြီးထိုင်စေကာ
''ခဏစောင့် ကျွန်မဆေးလိမ်းပေးမယ်''
ပြောပြီးစိမ်းကသူ့ရှေ့ကထွက်သွားပြီးသိပ်မကြာခင်မှာပဲဆေးဗူးလေးတစ်ဗူးကိုယူကာသူ့ဆီပြန်ရောက်လာလေသည်။
စိမ်းကသူ့အားဂရုတစိုက်ဆေးလိမ်းပေးနေတာကြောင့်ရဲစွမ်းအိပ်မက်မက်နေသလားပင်အောက်မေ့မိ၏။
''စိမ်း''
''ရှင်လက်ကိုရေမထိနဲ့ဦး ဘာမှလည်းမလုပ်နဲ့ဦး''
''အင်း ကျေးဇူးတင်ပါတယ်စိမ်း ကိုယ့်ကိုပစ်မထားလို့ပါ''
''အပိုတွေပြောမနေနဲ့ ကျွန်မသွားပြီ နေ့လည်စာလည်းလာမပို့နဲ့တော့ ကိုယ့်ဘာသာပဲဝယ်စားလိုက်မယ် ရှင်ကရှင့်ဒဏ်ရာကိုပဲဂရုစိုက်ပါ''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]