ကမ္ဘာ နေကြာတို့အိမ်နဲ့မလှမ်းမကမ်းမှာကားကိုရပ်ထားပြီးသူမအိမ်လေးအားမျှော်ကြည့်နေတာအချိန်တစ်ခုကြာနေပြီပင်။သူမနဲ့တွေ့မယ်ဆိုပြီးထွက်လာခဲ့ပေမယ့်တစ်ကယ်တမ်းကျသူနေကြာ့အားရင်မဆိုင်ရဲပါ။
အမှားတွေအများကြီးကျူးလွန်ခဲ့ပြီးသူမနှလုံးသားကိုဒဏ်ရာတွေရအောင်လုပ်ခဲ့တဲ့သူလိုငမိုက်သားကနေကြာမျက်နှာကိုထပ်ကြည့်ဖို့အတွက်အားအင်တွေမွေးရဦးမှာ။ပြီးတော့သူမကိုနောက်တစ်ကြိမ်ထပ်ပြီးပိုင်ဆိုင်ပါရစေဆိုတဲ့စကားကိုလည်းသူမဖြစ်မနေပြောချင်သေးသည်။
ဒီတစ်ခါထပ်ပြီးပိုင်ဆိုင်ခွင့်ပေးရင်အဆပေါင်းများစွာအရှုံးပေးပြီးမကုန်ခမ်းမယ့်အချစ်တွေပေးပါမယ်။ဒီစကားကိုပြောဖို့သူသတ္တိမရှိသေးပေမယ့်လို့ပေါ့...။
သူကြည့်နေတုန်းခြံထဲကနေကားတစ်စီးထွက်လာပြီးခြံတံခါးကိုပိတ်လိုက်သူကိုအမြင်မှာသူ့နှလုံးသားလှုပ်ခတ်သွားရသည်။
''နေကြာ''
နေကြာလည်းအဖူးတို့ပြန်သွား၍နောက်ကနေခြံတံခါးလိုက်ပိတ်တာပါ။
ထိုအခိုက်အိမ်နားမလှမ်းမကမ်းကကားကိုမြင်၍သူမခဏရပ်ကြည့်လိုက်ပြီးမှခြံတံခါးကိုဆွဲပိတ်လိုက်လေ၏။ကမ္ဘာသည်လည်းနေကြာကလှမ်းကြည့်လာ၍သူမမမြင်ရမှန်းသိပေမယ့်မျက်နှာကိုတစ်ဖက်ကိုလှည့်ထားလိုက်မိသည်။
သူကကားလဲထား၍လည်းနေကြာကမသိနိုင်လောက်ပေမယ့်သူထိတ်လန့်နေတုန်းပင်။''မောင်ကမုန်းဖို့တော့သတ္တိရှိပေမယ့် တောင်းပန်ဖို့ ချစ်ကြောင်းဝန်ခံဖို့ကိုတော့သတ္တိမရှိတဲ့ခပ်ညံ့ညံ့ယောကျ်ားတစ်ယောက်ပါနေကြာရယ်''
နေကြာအိမ်ထဲပြန်ရောက်တော့သမီးလေးကသူမထံပြေးလာပြီး
''မေမေ''
နေကြာသမီးလေးကိုကောက်ချီလိုက်ပြီး
''ဘာလဲသမီးရဲ့''
''မေမေ လည်လည်သွားမယ်လေ''
နေကြာသဘောပေါက်စွာဖြင့်ရယ်လိုက်ပြီး
''သမီးကခုထိမမေ့သေးဘူးကိုး စိတ်ချ မေမေကသမီးကိုကစားကွင်းရော တိရစ္ဆာန်ဥယျာဥ်ရောလိုက်ပို့မှာနော် မနက်ဖြန်ကျရင်သွားကြမယ်လေနော်''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]