ထွဋ်ခေါင် ဘုံ့ပုခုံးလေးကိုဖက်ကာယောက်ဖဖြစ်သူကိုလှမ်းကြည့်ရင်း
''ဘုံ ကိုယ်တို့တွေကမ္ဘာ့ကိုပြောပြလိုက်ကြမလား''
''ဘုံလည်းအဲဒါပဲစဥ်းစားနေတာအစ်ကို ဒါပေမယ့်ကိုကိုသိသွားရင်ကိုကိုကဒီတိုင်းနေမှာမဟုတ်တာသေချာတယ် အဲခါကျရင်နေကြာကထပ်ပြီးထွက်မသွားဘူးလို့မပြောနိုင်ဘူးလေ နေကြာကလည်းခုထိကိုကို့ကိုခါးခါးသီးသီးပဲ သူကြုံခဲ့ရတာတွေကလည်းနာကျင်စရာတွေချည်းပဲဆိုတော့လွယ်လွယ်နဲ့ခွင့်လွှတ်နိုင်သေးမှာမဟုတ်ဘူး ပြဿနာတွေကြီးသထက်ကြီးသွားမှာ''
ဘုံအစ်ကိုဖြစ်သူကိုလှမ်းကြည့်ကာသက်ပြင်းမောလေးချလိုက်၏။
ဖြစ်ပြီးခဲ့တဲ့အမှားတွေကနောက်ကြောင်းပြန်လှည့်ပြီးပြင်ဆင်လို့မရတော့ပေမယ့်အနည်းငယ်လောက်ဖြစ်ဖြစ်ခွင့်လွှတ်မှုတောင်းခံလို့ရမယ်ဆိုရင်.....။_____________________
နေကြာတို့ကားပေါ်ကဆင်းဆင်းချင်းရဲသွေးက
''မင်းတို့မြင်လား ရွက်နုလေးနာမည်ကြားတာနဲ့ဖြစ်သွားတဲ့အဲ့ကောင်ရဲ့မျက်နှာကိုမြင်ကြလား''
နေကြာမှုန်ကုပ်ကုပ်နဲ့ပဲအိမ်ထဲဝင်ခဲ့ပြီးဆိုဖာမှာဝင်ထိုင်လိုက်၏။
ရဲစွမ်းကသူ့လက်ပေါ်မှာအိပ်ပျော်နေတဲ့တူမဖြစ်သူအားဆိုဖာပေါ်တင်သိပ်လိုက်ပြီးမှ''ဒီကောင်နဲ့မှလာတွေ့ရတယ်လို့ အဲ့ကောင်နဲ့ကလေးနဲ့ကိုလုံးဝပေးတွေ့ချင်တာမဟုတ်ဘူး အဲ့ကောင်ကငအမဟုတ်ဘူး ခုလောက်ဆိုရွက်နုလေးနဲ့ပတ်သက်ပြီးသူသံသယဝင်နေလောက်ပြီ''
ရဲသွေးက
''နေကြာ နင်လုံးဝအဲ့ကောင်ဘက်စိတ်ပြန်ယိုင်မသွားနဲ့နော် နင်ကြုံခဲ့ရတာနင်ပဲသိတယ် အဲ့ကောင်ကနင့်ကိုပစ်ပစ်ခါခါစွန့်ပစ်ခဲ့တဲ့ကောင် နင့်ကိုဗိုက်တစ်လုံးနဲ့ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ကောင် နင်သူနဲ့ပြန်ပတ်သက်ဖို့မစဥ်းစားနဲ့''
''မပတ်သက်ပါဘူး နေကြာသိပါတယ် နေကြာဒုက္ခတွေခါးစည်းခံခဲ့ရတာ လူရောစိတ်ပါနာကျင်ခဲ့ရတာ နေကြာအဲဒါတွေကိုဘယ်တော့မှမမေ့ဘူး''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]