''ကိုကြီး ခြွေတို့အချိန်တန်ပြီထင်တယ်''အစမရှိအဆုံးမရှိပေမယ့်ခြွေ့စကားရဲ့အဓိပ္ပါယ်ကိုဧကရာဇ်သဘောပေါက်သည်။
''အင်း သားတွေလည်းအရွယ်ရောက်နေပြီပဲ သူတို့သိဖို့အချိန်တန်ပါပြီ''
''ခြွေကသူတို့အမေမဟုတ်ပဲသူတို့တီလေးဖြစ်နေတယ်ဆိုရင်သားတွေလက်ခံနိုင်ပါ့မလားဟင် ခြွေစိတ်ပူလိုက်တာ''
''သားတွေလည်းစဥ်းစားဆင်ခြင်ဉာဏ်ရှိနေတဲ့သူတွေပါ သူတို့လက်ခံနိုင်မှာပါ''
ဧည့်ခန်းထဲကစကားသံတွေကရဲသွေးနားထဲမှာမိုးခြိမ်းသံအလား။
သူတို့တစ်ချိန်လုံးအမေလို့ထင်ထားခဲ့တဲ့သူကသူတို့အမေမဟုတ်ပဲတီလေးတဲ့။__________
ရဲသွေးဘားထဲမှာစိတ်ညစ်ညစ်နဲ့အရက်ထိုင်သောက်နေမိသည်။
သူဘယ်တုန်းကမှသူ့အမေကသူ့အမေမဟုတ်ဘူးလို့မတွေးခဲ့ဖူးပါချေ။
ဒီကိစ္စရဲစွမ်းသိရင်ဘယ်လိုနေမယ်မသိ။
ပြီးတော့သူတို့ညီမလေးတွေနဲ့ကလည်းဖအေတူမအေကွဲတွေဖြစ်သွားပြီ။ထိုစဥ်
''ရဲသွေး''
အသံလာရာကိုလှည့်ကြည့်လိုက်တော့ကျူးလစ်ဖြစ်နေ၍သူဘားရဲ့ပတ်ပတ်လည်ကိုကြည့်လိုက်တော့မှဒါကျူးလစ်ရဲ့ဘားမှန်းသိလိုက်ရ၏။
''တစ်ယောက်တည်းလား''
''ဘယ်နှစ်ယောက်မြင်နေလို့လဲ''
''ဟီး ဟို ကျူးလစ်ကစကားမရှိစကားရှာတာပါ''
''ငါစိတ်ညစ်နေတယ် မင်းသွားတော့''
''ဘာတွေညစ်နေတာလဲ ကျူးလစ်ကိုပြောပြလေ''
ထိုစဥ်သူတို့ဝိုင်းသို့မိန်းကလေးတစ်ယောက်ရောက်လာပြီး
''ဘယ်သူများလဲမှတ်တယ် exကိုး မတွေ့တာကြာပြီနော်''
''အာရုံလာနောက်မနေနဲ့ သွားစမ်း''
''အိုး အရင်လိုဘုကန့်လန့်ကြွတ်ဆတ်ဆတ်ပါပဲလား''
''မင်းကိုသွားတော့လို့ပြောနေတယ်လေ လူလိုနားမလည်ဘူးလား''
''သွားမှာပါ ဒါနဲ့ ရှင်ကျွန်မနဲ့လမ်းခွဲပြီးတော်တော်လေးခံစားလိုက်ရတယ်ဆို''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]