ကမ္ဘာတစ်ယောက်နှင်းဆီပန်းစည်းလေးကိုကိုင်ကာနေကြာ့အိမ်ရှေ့သို့ရောက်လာ၏။သူနေကြာ့ကိုသေချာတွေ့ပြီးအကြောင်းအရင်းအမှန်ကိုမေးရမည်။
''တီတောင် တီတောင်''
အိမ်ရှေ့ကဘဲလ်သံကြောင့်ရွက်နုလေးကအရာရာကိုစူးစမ်းလိုသူပီပီအိမ်ရှေ့သို့ပြေးထွက်လာလေ၏။
ကမ္ဘာခြံတံခါးကြားကနေခြံထဲလှမ်းကြည့်တော့ရွက်နုသစ်ဆိုတဲ့ကလေးလေးကမြန်ဆန်လွန်းသောခြေလှမ်းတွေနဲ့ပြေးထွက်လာ၍သူ့မှာအသည်းယားသွားရသည်။
ခဏကြာတော့လူတစ်ယောက်ထွက်စာတံခါးပေါက်ကပွင့်လာပြီးရွက်နုလေးကခြံရှေ့ထွက်လာလေ၏။
''ဦး ဘာကိစ္စရှိလို့လဲ''
ကမ္ဘာ ရွက်နုလေးရှေ့ခြေဖျားထောက်ထိုင်ချပြီးမျက်နှာလေးအားစေ့စေ့ကြည့်လိုက်၏။
နှစ်နှစ်ကျော်ကျော်လောက်သာရှိသေးမည်ထင်ရသော်လည်းကလေးလေးကလူကြီးလေးလိုအရမ်းလည်လွန်းသည်။''သမီးကဘယ်သူ့သမီးလေးလဲ''
''မေမေ့သမီးလေ''
''မေမေနေကြာလား''
''ဟုတ်''
''သမီးမေမေရော''
''မေမေကမီးဖို့စတော်ဘယ်ရီဖျော်ပေးနေတာ''
''သမီးကစကားအရမ်းတတ်တာပဲကွာ သမီးဖေဖေကရော''
''ဖေဖေ ဖေဖေရှိဘူးလေ''
''ဟင်!''
ရွက်နုလေးကသူ့လက်ထဲကအနီရောင်နှင်းဆီပန်းစည်းကိုကြည့်လာ၍သူက
''သမီးကြိုက်လို့လား''
''ဟုတ်''
ကမ္ဘာပန်းစည်းထဲကပန်းတစ်ပွင့်ကိုယူပြီးရွက်နုလေးအားပေးလိုက်တော့ကလေးကပန်းကိုနမ်းမလိုလုပ်စဥ်
''မနမ်းနဲ့!!''
နေကြာ့စကားလည်းအဆုံးသမီးကလည်းပန်းကိုနမ်းလိုက်လေ၏။
''ဟင့် အဟွတ်''
ကမ္ဘာ နေကြာ့ကိုလှည့်ကြည့်နေတုန်းရွက်နုလေးကသတိလစ်လဲကျသွား၍သူမျက်လုံးပြူးမျက်စံပြူးဖြစ်သွားရလေသည်။
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]