Part.22

1.5K 36 0
                                    

''သမီးကျူးလစ် မေမေဆိုင်ကိုသွားပြီနော် နေ့လည်စာချက်ခဲ့တယ် သမီးမစားခင်ပြန်နွှေးလိုက်နော်''

''ဟုတ်မေမေ''

လေညှင်းလည်းသမီးကိုမှာစရာရှိတာမှာပြီးအိမ်မှထွက်ခဲ့လိုက်၏။
ဒီနေ့ကျူးလစ်နေသိပ်မကောင်းချင်လို့ဘယ်မှမသွားဖြစ်ပေ။

နေ့လည်ရောက်တော့နေလို့မကောင်းတာကနေ ကိုယ်တွေပူကာဖျားခြင်းအဖြစ်သို့ကူးပြောင်းလာတော့၏။

သူမအခန်းထဲမှာအိပ်နေတုန်းအိပ်ရာဘေးမှာထားထားတဲ့ဖုန်းကထမြည်လာ၍မျက်လုံးပင်မဖွင့်နိုင်ပဲလက်နဲ့စမ်းကာလှမ်းယူပြီးနောက်

''ဟဲလို''

''ငါပါ ခန့်တည်ကြည်''

''အမ်!''

ခန့်တည်ကြည်ဆိုတာမေမေရဲ့အချစ်ဆုံးသူငယ်ချင်း အန်တီရတုခင်ရဲ့သား။
သူမထက်နှစ်နှစ်ကျော်လောက်ငယ်ပေမယ့်အမြဲရွယ်တူသူငယ်ချင်းလိုသာသူကအမြဲဆက်ဆံတတ်သူ။

ပြီးတော့သူကခရီးတွေလျှောက်ထွက်ပြီးဓာတ်ပုံလိုက်တာဝါသနာပါ၏။
အခုလည်းသူကဆွစ်ဇာလန်ကိုထွက်သွားပြီးသူမကိုအဆက်အသွယ်မလုပ်ပဲခုကျမှဖုန်းဆက်လာတာပင်။

''နင်ဘယ်ကဆက်နေတာလဲ''

''နင့်ခြံရှေ့က''

''ဟင်! နင်ဘယ်တုန်းကပြန်ရောက်တာလဲ''

''မနေ့ကမှပြန်ရောက်တာ နင်အိမ်မှာရှိတယ်မလား တံခါးလာဖွင့်ပေးဦး''

''အေးအေး ခဏစောင့်''

ကျူးလစ်လည်းဖုန်းချပြီးအောက်ထပ်ကိုဆင်းခဲ့လိုက်၏။
အောက်ထပ်ရောက်တော့ခြံတံခါးသော့ကိုယူကာခြံရှေ့ထွက်လာပြီးခန့်တည်ကြည်အားတံခါးဖွင့်ပေးကာ

''နင်ကလည်း လာမယ်ဆိုကြိုမပြောဘူး ငါကနေမကောင်းလို့အိပ်နေတာဟ''

''ဟုတ်လား ပြစမ်း''

သူကသူမနဖူးနဲ့ပါးတွေကိုလက်နဲ့လာစမ်းပြီး

''နင်ကိုယ်တွေအရမ်းပူနေတာပဲ နင်ဆေးသောက်ပြီးပြီလား''

''မသောက်ရသေးဘူး''

''နင်ကအရမ်းပေါ့ဆတာပဲ ငါနင့်ကိုဆေးခန်းလိုက်ပို့​ပေးရမလား''

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now