Part.14

1.4K 38 0
                                    

ရဲသွေးရဲ့ကားလေးသူမအိမ်ရှေ့ထိုးရပ်သွားတာနဲ့ကျူးလစ်သူ့ဘက်လှည့်ကာ

''ရှင်ဒါဘာလုပ်တာလဲရဲသွေး''

''မင်းကရော ဘာကိစ္စတစ်ခြားကောင်နဲ့ပတ်သက်နေတာလဲ''

''ရှင်နဲ့ဘာဆိုင်လို့လဲ ရှင်စည်းမကျော်နဲ့ရဲသွေး ရှင်အဲလိုလာပြောနေရအောင်ကရှင်နဲ့ကျွန်မကဘာပတ်သက်လို့လဲ''

ရဲသွေးသူမလက်မောင်းနှစ်ဖက်အားဆုပ်ကိုင်၍

''ဆိုင်တာတွေမဆိုင်တာတွေငါမသိဘူး ငါသိတာက မင်းဘယ်ကောင်နဲ့မှမပတ်သက်နဲ့''

ကျူးလစ်လည်းရဲသွေးလက်တွေကိုဖြုတ်ချပြီး

''ကျွန်မနဲ့မပတ်သက်ရမှာကရှင်''

''ဘာ!''

''ရှင်ကျွန်မနဲ့ဝေးဝေးမှာနေမှာ ကျွန်မရှေ့ထပ်ပေါ်မလာနဲ့ ပြီးတော့ခုနကရှင်တွေ့ခဲ့တဲ့သူနဲ့ကျွန်မတွဲဖို့ဆုံးဖြတ်လိုက်ပြီ''

ပြောပြီးကျူးလစ်ကားပေါ်ကဆင်းခဲ့လိုက်၏။
ဘယ်လောက်တောင်အတ္တကြီးတဲ့သူလဲ။သူကျတော့မိန်းမတကာနဲ့တွဲပြီးသူမကိုကျမှလာပြီးပိတ်ပင်နေတယ်။
ကျူးလစ်ဝေဆာဆိုတာကချစ်ပြီဆိုလည်းအကုန်ပေးဆပ်ချစ်သလိုမုန်းပြီဆိုလည်းလှည့်ကိုအကြည့်တော့တာ။

ကျန်နေခဲ့တဲ့ရဲသွေးမှာတော့သူမစကားကြောင့်အူနုကျွဲခတ်သလိုခံစားလိုက်ရ၏။
သူမအားဘယ်ကောင်နဲ့မှတွဲခွင့်မပြုနိုင်ပါ။

ကျူးလစ်အခန်းထဲရောက်တော့သူမပိုက်ဆံအိတ်ထဲကဖုန်းလေးကမြည်လာ၍ထုတ်ကြည့်လိုက်ရာဟိန်းထက်မြတ်ဖြစ်နေလေသည်။

''ဟဲလိုကိုထက်မြတ်''

''ကျူးလစ် ကျူးလစ်အဆင်ပြေရဲ့လား သူကဘယ်သူလဲကျူးလစ်''

''သူငယ်ချင်းပါ''

''ဪ ကျွန်တော့်မှာစိတ်ပူလိုက်ရတာ အခုကျူးလစ်ဘယ်မှာလဲ''

''အိမ်ပြန်ရောက်နေပြီ''

''တော်ပါသေးရဲ့ဗျာ''

သူတို့ကြားခဏတိတ်ဆိတ်သွားပြီးမှဟိန်းထက်မြတ်က

''ကျူးလစ် ဟို ကျွန်တော့်ကိုဘယ်လိုမြင်လဲ''

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now