ဘုံသတိပြန်ရလာတော့သူမဆေးခန်းတစ်ခုမှာရောက်နေတယ်ထင်ပါတယ်။''လူနာကသွေးအားနည်းရောဂါရှိတယ် ကိုယ်ဝန်ကလည်းဆောင်ထားရတော့လူကတော်တော်လေးအားနည်းနေတယ် ဆေးသေချာသောက်ခိုင်းပြီးသေသေချာချာလေးဂရုစိုက်ခိုင်းလိုက်ပါ''
ဆရာဝန်ကထွဋ်ခေါင်အားမှာတမ်းတွေခြွေနေတာပင်။
''ဟုတ်ကဲ့ပါဒေါက်တာ''
သူဆရာဝန်နဲ့စကားပြောနေတုန်းဘုံကကုတင်ပေါ်ကပြေးဆင်းပြီးအခန်းထဲကပြေးထွက်သွားကြောင့်သူ့မှာနောက်ကအမီပြေးလိုက်ရသေးသည်။
''ရွှေဘုံစံ မပြေးနဲ့''
သူမကမကြားသလိုနှင့်အရှိန်မလျှော့ပဲဆက်ပြေးနေတုန်း။
''မင်းကိုရပ်လို့ပြောနေတယ်လေ''
ဘုံကဆက်ပြေးနေဆဲပင်။သူမကဆေးခန်းအပြင်ထိရောက်အောင်ပြေးသွားပြီးကားလမ်းမပေါ်တက်ပြေးမလို့ကြံနေတုန်းထွဋ်ခေါင်ကသူမအားအမိအရလှမ်းဆွဲပြီးပုခုံးနှစ်ဖက်ကိုဆွဲရမ်းကာ
''မင်းဘာလုပ်တာလဲ မင်းရူးနေတာလား''
''အဟင့် ဘုံေ.သချင်လို့ပါ ဘုံေ.သသွားမှအေးမှာ ဘုံ့ကြောင့်ဘုံ့မိသားစုအရှက်ရရတော့မှာ အီးဟီး''
''မင်းမဟုတ်တာတွေပြောမနေနဲ့ လုပ်ရဲရင်ခံရဲရမယ် မင်းေ.သသွားရုံနဲ့ဒီကိစ္စကပြီးမသွားဘူး''
''ဒါဆိုဘုံကဘာလုပ်ရမှာလဲ ဘုံကလေးကိုလည်းဖျက်မချရဲဘူး''
''မွေးရမှာပေါ့''
''ဟင်''
ဘုံသူ့အားမျက်ရည်တွေစိုစွတ်နေသောမျက်ဝန်းအစုံနဲ့ကြည့်လိုက်မိသည်။
''ဘုံကကလေးကိုတစ်ယောက်တည်းမွေးရမှာလား ဟင့်အင်း ဘုံမလုပ်ရဲဘူး ဘုံ့ကိုပတ်ဝန်းကျင်ကကဲ့ရဲ့ကြမှာ ပြီးတော့ဖေဖေရောမေမေရောကိုကိုရောအရှက်ကွဲကြရမှာ''
''မင်းဘာလို့အစကတည်းကအယုံလွယ်သေးလဲ ဒီရဲ့အကျိုးဆက်ကိုတော့မင်းလက်ခံရမှာပဲ''
''အဟင့် ဟုတ်ပါတယ် ဘုံမိုက်ခဲ့တာပါ ဘုံကအညှာလွယ်ခဲ့တာပါ''
ပြောရင်းထိုင်ချကာငိုယိုနေသောသူမကိုကြည့်ပြီးထွဋ်ခေါင်အတော်လေးစိတ်ရှုပ်သွားရသည်။
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]