Part.3

1.7K 45 0
                                    

အဖူးတို့အိမ်ရဲ့ဆွမ်းကပ်ကိုသူတို့နဲ့အတူကျူးလစ်ပါလိုက်လာ၍သူတို့အဖွဲ့လူအင်အားတောင့်နေပါသည်။
ကျူးလစ်ကလည်းလိုက်ချင်လွန်းလို့မဟုတ်ပဲနေမင်းလိုလူအားအရူးအမူးဖြစ်အောင်ပြုစားထားတဲ့ထိုမိန်းကလေးအားမြင်ဖူးချင်၍ပင်။

သူတို့ရောက်သွားတဲ့အချိန်ကနည်းနည်းနောက်ကျနေပြီမို့ဧည့်သည်တွေလည်းအတော်စုံနေပြီဖြစ်သလိုအိမ်ရှင်ဖြစ်ပုံရသောအန်တီချောချောနဲ့ခန့်ခန့်ညားညားဦးလေးကသူတို့ကိုကြိုဆိုကြ၏။

''အစ်မတို့လာကြပြီလား'

''ဟုတ်ကဲ့ ဒါကကျွန်မတူ ဒီကောင်မလေးတော့သူတို့သူငယ်ချင်း သူတို့ကလည်းအတူလိုက်ချင်တယ်ဆိုလို့ခေါ်လာတာ ရတယ်မလားဟင်''

''ရတာပေါ့ရှင် ခြွေတို့ဆွမ်းကပ်လေးလူပိုစည်တာပေါ့ ကြွကြပါ''

''ဟုတ်ကဲ့''

အိမ်ထဲရောက်ပြီဆိုတာနဲ့နေမင်းတစ်ယောက်အိမ်ထဲဝေ့ဝဲကြည်ရင်းသူ့ရဲ့နေကြာဖူးလေးအားလိုက်ရှာမိသည်။

ဒါပေမယ့်အရိပ်ကလေးတောင်မတွေ့။
သူထွဋ်ခေါင်အားတံတောင်နဲ့တွတ်တော့အကင်းပါးတဲ့ထွဋ်ခေါင်က

''ဟို အန်တီ နေကြာဖူးရော ကျွန်တော်ဟိုနေ့ကကိစ္စသူ့ကိုသေချာတောင်းပန်ချင်လို့''

''သမီးကမီးဖိုခန်းထဲမှာအချိုပွဲတွေပြင်နေတာ ထွက်တော့လာမှာမဟုတ်ဘူး အဲ့နေ့ကကိစ္စစိတ်ထဲမထားပါနဲ့ သမီးကလည်းမေ့လောက်ပြီ''

ထွဋ်ခေါင်ဘာပြန်ပြောလို့ပြောရမလဲမသိပဲ

''ဪ ဟုတ်ဟုတ် သူကအတော်လေးကြောက်တတ်တယ်ထင်တယ်နော်''

''ဟုတ်တယ် သမီးငယ်ငယ်လေးကတည်းကအဲလိုပဲ ကျောင်းတက်တုန်းကလည်းအိမ်ကနေစားစရာအကုန်ယူသွားတာ ကျောင်းရောက်ရင်ထိုင်ရာကနေဘယ်မှမထတော့ဘူး''

''ဪ''

ထွဋ်ခေါင် နေမင်းကိုကြည့်ကာမသိအသာပုခုံးတွန့်ပြလိုက်လေ၏။
သူအစကတည်းကပြောသားပဲ။တောထဲမှာကျားသွားဖ.မ်းတာမှဖြစ်နိုင်ချေရှိဦးမည်။

''ထိုင်ကြဦးနော် သားတို့ရေ ဒီမှာဧည့်သည်တွေအတွက်စားစရာယူခဲ့ဦး''

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now