Part.19

1.4K 36 0
                                    

''အမေရေ...ကယ်ပါဦး''

ဘုံတစ်ယောက်ဝှီးချဲပေါ်သို့အော်ဟစ်ရင်းပါသွား၏။
ထွဋ်ခေါင်သူမဘေးကကပ်လိုက်ရင်းသူမလက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ

''အားတင်းထားနော်ဘုံ ဘာမှမဖြစ်ဘူး''

''ဘုံအရမ်းနာတယ်အစ်ကိုရယ် အဟင့်''

သူမနာကျင်နေတာကိုကြည့်ပြီးထွဋ်ခေါင်ပါနေရင်းထိုင်ရင်းစိတ်မကောင်းဖြစ်ကာနာကျင်နေရ၏။

နာ့စ်တွေကဘုံ့အားမွေးခန်းထဲခေါ်သွား၍သူမွေးခန်းရှေ့မှာပဲခြေမကိုင်မိလက်မကိုင်မိဖြင့်ကျန်နေခဲ့ရတော့သည်။

ခဏကြာတော့သူ့မိဘတွေရောဘုံ့မိဘတွေပါရောက်လာကြလေ၏။
သူကစိတ်မအေးဖြစ်နေပုံပေါ်၍သူ့အမေက

''စိတ်ကိုအေးအေးထားပါငါ့သားရယ် ဘုံအဆင်ပြေမှာပါ''

''ဘုံနဲ့ကလေးကိုကျန်းကျန်းမာမာမြင်ရမှကျွန်တော်စိတ်အေးနိုင်မှာမေမေ''

သားမက်ဖြစ်သူကထိုသို့ပြောတော့နန်းစံကနေရင်းထိုင်ရင်းမျက်နှာပူရသည်။
ပြီးတော့ခမည်းခမက်ဖြစ်သူတွေကိုလည်းမျက်နှာမပြဝံ့။

ဒါကိုရိပ်စားမိတဲ့စွဲညှို့ကသားဖြစ်သူကိုပြောသလိုနှင့်

''မင်းပဲစိတ်ပူတတ်တာမဟုတ်ပါဘူး မေမေလည်းမြေးလေးနဲ့ချွေးမလေးကိုစိတ်ပူသလိုမနန်းစံတို့လည်းစိတ်ပူနေကြတာပါ မင်းစိတ်ကိုအေးအေးထားစမ်းပါ''

နန်းစံ စွဲညှို့ကိုမော့ကြည့်လိုက်တော့သူမကနန်းစံအားပြုံးပြလေ၏။
ထိုအခါမှနန်းစံစိတ်ထဲအနည်းငယ်နေသာသွားရသည်။

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့မွေးခန်းတံခါးပွင့်လာပြီးနာ့စ်ကကလေးနီတာရဲလေးကိုထုတ်လာကာ

''မွေးပါပြီရှင် ​ယောကျ်ားလေးပါနော်''

သူတို့အားလုံးနာ့စ်ထံစုပြုံသွားကြ၏။က​လေးလေးကတစ်ကယ်ကိုနီရဲပြီးအသည်းယားစရာလေး။

ထွဋ်ခေါင်နာ့စ်ထံကကလေးလေးအားလက်လွှဲချီယူလိုက်၏။

''မိခင်ရောကလေးပါကျန်းမာပါတယ်''

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now