(warningပါနော်)
မနက်ခင်းရဲ့နေရောင်ခြည်ကပြတင်းပေါက်မှတစ်ဆင့်သူမမျက်နှာပေါ်ဖြာကျလာ၍အဖူးမျက်နှာလေးရှုံ့မဲ့ကာမျက်လုံးကိုအားယူကာဖွင့်လိုက်၏။
ဒါပေမယ့်ချက်ချင်းဆိုသလိုပဲမျက်လုံးတွေကပြန်မှိတ်သွားရသည်။''ဟင့်''
သူမခန္ဓာကိုယ်ကနာကျင်နေပြီးသူမခေါင်းကြီးတစ်ခုလုံးကအုံခဲနေလေသည်။
သူမရဲ့လှုပ်ရှားမှုကြောင့်နေမင်းလည်းအိပ်ရာမှနိုးလာပြီးသူ့ဘေးကိုကြည့်လိုက်တော့အဖူးမျက်နှာလေးကဖြူလျော့နေပြီနှုတ်ခမ်းလေးတွေပါခြောက်နေ၍သူအဖူးကိုနှိုးမလို့ပါးကိုကိုင်လိုက်မှသူမ ဖျားနေမှန်းသိလိုက်ရသည်။
သူချက်ချင်းပဲအဖူးကိုဆွဲထူကာသူမပါးလေးအားကိုင်၍
''အဖူး အဖူး''
အဖူးမျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်ပြီးသူ့ကိုမြင်တာနဲ့ရင်ဘတ်ကိုတွန်းကာ
''သွား မထိနဲ့ ကိုကို့ကိုမုန်းတယ် အီးဟီး''
''မငိုပါနဲ့အဖူးရယ် ကိုယ်တောင်းပန်ပါတယ်နော် ကိုယ်အဖူးကိုအနိုင်ကျင့်သလိုဖြစ်သွားတယ်''
''အဟင့် အိမ်ပြန်ချင်တယ်''
''အဲလိုလုပ်လို့မရဘူးလေအဖူးလေးရဲ့ ကိုယ်အဖူးကိုရေဝတ်တင်ပေးမယ်နော်''
သူအိပ်ရာပေါ်ကသူ့အင်္ကျီကိုယူ၍အဖူးကိုဝတ်ပေးလိုက်ပြီးသူမအားခေါင်းအုံးပေါ်အသာပြန်တင်ပေးခဲ့ကာသူလည်းဗီရိုထဲကအင်္ကျီတစ်ထည်ကိုယူဝတ်၍အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။
အဖူးနေမကောင်းတာကသူ့အတွက်ကမ္ဘာပျက်နေသည့်အလား။
အိမ်ပေါ်တက်လိုက် အောက်ဆင်းလိုက် သူမကိုဆေးတိုက်လိုက်စွပ်ပြုတ်တိုက်လိုက် ရေပတ်တိုက်ပေးလိုက် ရေဝတ်တင်ပေးလိုက်နှင့်တစ်ယောက်တည်းဗျာများကာအလုပ်တွေရှုပ်နေလေသည်။''အဖူး ကိုယ်တို့ဆေးခန်းသွားရအောင်လား''
''ဟင့်အင်း မသွားဘူး ဆရာဝန်ကဆေးထိုးမှာပေါ့''
''အဲဒါမှလည်းသက်သာမှာပေါ့''
''မသွားဘူးလို့ပြောနေတယ်လေ ဘာလို့ခဏခဏအသားအောင်ပဲလုပ်ချင်နေတာလဲ ယူထားတာတစ်ရက်ပဲရှိသေးတယ်အနိုင်ကျင့်နေပြီ''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]