ဧကရာဇ်နဲ့ခြယ်တို့ဝတ်ကောင်းစားလှများဖြင့်အပေါ်ထပ်မှဆင်းလာလေ၏။
ဧကရာဇ်က
''အဖွားနေမကောင်းနေလို့သာသွားရမှာ အိမ်ကငါးမြွေထိုးသုံးကောင်ကိုစိတ်ကမချဘူး''
သူတို့အိမ်ထောင်ပြုပြီးကတည်းကအဖွားကရာသက်ပန်တရားစခန်းဝင်သွားတာပင်။အခုအဖွားနေမကောင်းနေဘူးဆို၍အဖွားရှိနေတဲ့တရားစခန်းကိုသူတို့သွားကြမလို့ပါ။
''အဖူးရှိနေတာပဲကိုကြီးကလည်း''
''အဲ့သုံးကောင်ကအဖူးစကားကိုဖုတ်လေတဲ့ငါးပိရှိတယ်တောင်ထင်မှာမဟုတ်ဘူး''
အောက်ထပ်ကိုရောက်တော့ဧည့်ခန်းထဲမှာသူတို့ကိုထိုင်စောင့်နေတဲ့သားသမီးလေးယောက်အား
''ဖေဖေတို့သွားတော့မယ် မင်းတို့ကိုတစ်ခါတည်းမှာထားမယ် အေးအေးဆေးဆေးနေကြ ပြန်လာရင်ဘာသံမှမကြားချင်ဘူး''
''ဟုတ်ကဲ့''
အဖူးမှလွဲ၍သုံးယောက်သားပြိုင်တူပြောလိုက်၏။
''ပြောရင်ဟုတ်ကဲ့ လုပ်ရင်သောက်တလွဲတွေ''
''ကိုကြီးနော် ကလေးတွေကိုအဲလိုမဆဲနဲ့ ခြွေမကြိုက်ဘူး''
''ဟုတ်ပါပြီ ကြပ်ကြပ်အလိုလိုက် သွားကြစို့ နောက်ကျနေမယ်''
အဖေနဲ့အမေထွက်သွားတာနဲ့မျောက်သုံးကောင်ပြိုင်တူအော်လိုက်ကြပြီး
''ကိုကိုတို့ နေကြာတို့ဘားသွားကြမယ်''
''အေး ကောင်းတယ် ဘယ်ချိန်သွားကြမလဲ''
''ရှစ်နာရီလောက်''
အဖူးအစ်ကိုတွေနဲ့အစ်မအားစိတ်ပျက်သလိုကြည့်ကာ
''ကိုကိုတို့ကလည်း ဖေဖေတို့တောင်ရပ်ကွက်ထဲကထွက်ရဦးမှာမဟုတ်သေးဘူး''
''နင်လည်းလိုက်ခဲ့အဖူး''
''ဟင့်အင်း မလိုက်ဘူး''
''နင်တစ်ယောက်တည်းနေရဲလို့လား ငါတို့ကတစ်ညလုံးပြန်မလာဘူးနော်''
''နေရဲတယ်''
''သေချာလား တော်ကြာနေ သရဲခြောက်ခံနေရဦးမယ်''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]