စိမ်းအိပ်ရာကနိုးလာတော့ရဲစွမ်းမျက်နှာကိုမြင်လိုက်တာနဲ့ရွံရှာမုန်းတီးသလိုကြည့်ပြီးမျက်နှာလွှဲထားလိုက်သည်။
''စိမ်း မင်းကိုယ့်ကိုအဲလိုမကြည့်ပါနဲ့''
သူမမျက်နှာအားဆွဲလှည့်နေတဲ့သူ့လက်အားစိမ်းခါးခါးသီးသီးပုတ်ထုတ်ပစ်ပြီးအိပ်နေရာမှထထိုင်ကာရဲစွမ်းနဲ့ခပ်ခွာခွာနေ၍
''ငါ့ကိုလာမထိနဲ့ အရမ်းရွံတယ် နင့်ကိုလည်းအရမ်းမုန်းတယ် တစ်သက်လုံးပဲ အသက်နဲ့ချီပြီးပြောလိုက်မယ် နင့်ကိုဘယ်တော့မှမကျေဘူး အောက်တန်းစားကောင်''
''မင်းဘာလို့ကိုယ့်ရဲ့စိတ်ကိုမမြင်တာလဲစိမ်း ဘာလို့ကိုယ့်အချစ်ကိုအသိအမှတ်မပြုတာလဲ''
''ဘာကိစ္စအသိအမှတ်ပြုရမှာလဲ ဒီမှာရဲစွမ်းသတ္တိ ဒီကမ္ဘာမှာငါအမုန်းဆုံးကနင်ပဲဆိုတာမှတ်ထားလိုက်''
သူမရဲ့စကားတွေကသူ့နှလုံးသားအားအဆိပ်လူးမြှားတွေသဖွယ်အလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်နေ၏။
''စိမ်းရယ်''
ချစ်လို့အရယူခဲ့တာကအမုန်းတွေပါအပိုဆောင်းရလိုက်သလိုပါပဲ။
__________
သူတို့ဘက်ကလပ်ထပ်ပွဲကိုတခမ်းတနားလုပ်ပေးပါမယ်ဆိုတာကိုစိမ်းကလုံးဝလက်မခံ၍သူတို့ရုံးတက်လက်မှတ်ထိုးပြီးလက်ထပ်ပြီးစီးခဲ့ကြသည်။
သူမကမင်္ဂလာဆွမ်းတောင်မကပ်။''ရဲစွမ်း မင်းကအခုအိမ်ထောင်သည်ဖြစ်သွားပြီ မင်းအရင်လိုပေါ့ပေါ့နေပေါ့ပေါ့စားလူရမ်းကားပုံစံနေလို့မရတော့ဘူးနော်''
''ကျွန်တော်သိပါတယ်ဖေဖေ''
''အေး ငါ့ရဲ့ဆိုင်တွေထဲကတစ်ဆိုင်ကိုမင်းတို့လင်မယားနှစ်ယောက်နာမည်နဲ့လွှဲပေးမယ် နေတာကတော့အိမ်မှာပဲ''
ဧကရာဇ်စကားမဆုံးခင်စိမ်းက
''အန်ကယ် စိမ်းတို့သပ်သပ်အိမ်ခွဲနေချင်တယ်''
ထိုအခါရဲစွမ်းက
''ဘာဖြစ်လို့လဲ ဒီမှာပဲဖေဖေတို့နဲ့အတူနေကြမယ်လေ''
''ကျွန်မအိမ်ခွဲနေမယ်ဆိုနေမယ်ပဲ''
သူမအနေနဲ့ခင်ပွန်းဘက်ကမိသားစုနဲ့အတူနေဖို့ဘယ်တုန်းကမှဇီဇာမကြောင်ခဲ့ဖူးပေမယ့်ရဲစွမ်းကိုသိပ်မုန်းတီးတာမို့သူ့မိသားစုရှေ့မှာမချေမငံဆက်ဆံပြနေလို့မဖြစ်ဘူးလေ။
ကြားထဲကနေမဆိုင်တဲ့မိဘတွေကစိတ်ဆင်းရဲနေကြရဦးမည်။
![](https://img.wattpad.com/cover/363227941-288-k229974.jpg)
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]