အဖူးမျက်စိရှေ့မှာမြင်နေရတဲ့အိမ်လေးကိုကြည့်ပြီးမျက်လုံးလေးတွေအရောင်တလက်လက်ဖြစ်သွားရ၏။
''ကိုကို ဒီအိမ်က''
''ဒီအိမ်ကဖေဖေကမေမေ့ကိုမွေးနေ့လက်ဆောင်ပေးခဲ့တဲ့အိမ်လေး ဒီခြံထဲကပန်းတွေကတော့ဖေဖေ့အစွမ်းပေါ့''
သူအဖူးလက်ကိုဆွဲပြီးခြံတံခါးကိုတွန်းဖွင့်ဝင်ခဲ့လိုက်သည်။
''ဒီတစ်ခြံလုံးကပန်းတွေအကုန်လုံးကကိုကို့အဖေကိုယ်တိုင်စိုက်ထားတာ ဟုတ်လား''
''အင်း''
''ကိုကို့ဖေဖေကကိုကို့မေမေကိုသိပ်ချစ်တာပဲနော်''
''အဖေတူသားဖြစ်တဲ့ကိုကိုကလည်း အဖူးကိုသိပ်ချစ်တာပါကွာ''
အဖူးခေါင်းလေးအသာငုံ့ရင်းပြုံးလိုက်မိသည်။
''အခုကိုကိုတို့ဒီအိမ်မှာနေကြမယ်''
''ဟင် ဘာလို့လဲ''
''အဖူးစိတ်ထဲသံသယတွေနဲ့ပူလောင်မနေစေချင်လို့ပေါ့ ကိုကိုကအဖူးကိုစတွေ့တုန်းကအေးအေးချမ်းချမ်းပုံစံလေးအတိုင်းပဲမြင်ချင်တာ တစ်သက်လုံးအဲလိုဖြစ်အောင်လည်းကိုကိုကထားမှာ''
''ဒါပေမယ့်အဖူးအဝတ်အစားတွေမှမပါသေးတာ''
''ကိုကိုအကုန်ဝယ်ပေးပြီးပြီ ကိုကိုနဲ့အဖူးနဲ့ဒီမှာရှိတာဘယ်သူမှမသိဘူး ကိုကိုတို့နှစ်ယောက်တည်းလွတ်လပ်တယ် ကဲလာ''
သူအဖူးအားအိမ်ထဲခေါ်ခဲ့ပြီးဘယ်နေရာမှာဘာရှိလဲလိုက်ပြကာ
''အိမ်မှာကပစ္စည်းတွေအကုန်ရှိတယ် ရေခဲသေတ္တာ အဝတ်လျှော်စက်အားလုံးအစုံပဲ ဟင်းချက်စရာတွေလည်းအကုန်ဝယ်ထားတယ်''
''အဖူးတို့ကဒီမှာဘယ်လောက်ကြာအောင်နေမှာလဲ''
''မပြောတတ်ဘူး ယွန်းယွန်းပြန်တဲ့ထိဆို အလွန်ဆုံးသုံးနှစ်ပေါ့''
''ဟင် အကြာကြီးပဲ သူ့ကိုအဆောင်နေခိုင်းလို့ရရဲ့နဲ့ ဘာလို့အဖူးတို့ကအိမ်ကထွက်လာပေးရတာလဲ ပြောင်းပြန်ဖြစ်နေသလိုပဲ''
''အဖူးကဒီမှာမနေချင်လို့လား''
''မဟုတ်ပါဘူး အဖူးကပြောပြတာပါ အဖူးဒီအိမ်လေးကိုကြိုက်ပါတယ်''
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]