Part.7

1.5K 36 0
                                    

(Warningပါသည်)

''ဝေါ့ အဟွတ် အော့''

ထွဋ်ခေါင်အိမ်ပေါ်မှဆင်းလာစဥ်မီးဖိုချောင်ထဲမှအသံကြောင့်သူအမြန်လာကြည့်တော့ဘုံတစ်ယောက်ဘေစင်မှာအော့အန်နေတာပင်။

''ဘာဖြစ်တာလဲဘုံ ရရဲ့လား''

''morning sicknessဖြစ်တာပါအစ်ကို''

သူဘုံ့အားတွဲပြီးဧည့်ခန်းထဲခေါ်လာလိုက်ပြီးထိုင်စေကာ

''အရမ်းဆိုးတာလား နေလို့ရောရရဲ့လား''

''ရပါတယ်အစ်ကို ဘုံအစ်ကို့အတွက်မနက်စာပြင်နေတာမပြီးသေးဘူး သွားလိုက်ဦးမယ်''

''နေနေ လူကဖြင့်နေမကောင်းပဲနဲ့ ဘာမှလျှောက်မလုပ်နဲ့ မဖြစ်သေးဘူး ဒီပုံစံအတိုင်းဆိုအိမ်အကူခေါ်မှရထင်တယ်''

''ဘုံလုပ်နိုင်ပါတယ်အစ်ကို''

''ဘာကိုလုပ်နိုင်တာလဲ လူကဖြင့်မပေါ့မပါးပြီးနဲ့ ပြီးရင်လကတဖြည်းဖြည်းရင့်လာမှာငါလည်းမင်းဘေးနားမှာအချိန်ပြည့်ရှိနေမပေးနိုင်ဘူး ငါအလုပ်သွားရင်မင်းကအိမ်မှာတစ်ယောက်တည်းလေ အကူရှိမှရမှာ''

''ကျေးဇူးတင်ပါတယ်အစ်ကို''

''အင်း ကဲ သွားအိပ်နေလိုက်သွား မနက်စာလည်းကိုယ့်ဘာသာပဲပြင်စားလိုက်တော့မယ်''

''ဟုတ်ကဲ့''

ပြောပြီးဘုံအိမ်ပေါ်သို့တက်လာခဲ့လိုက်၏။တစ်ကယ်တော့သူမဘဝကအများကြီးကံကောင်းလွန်းတာပါ။
အစ်ကိုနဲ့တွေ့ဆုံခဲ့ရတာကတော့ကံအကောင်းဆုံးအပိုင်းပေါ့။

____________

''တစ်ကယ်လားမေမေ ကိုကိုကတစ်ကယ်ပဲမမစိမ်းကိုတောင်းရမ်းတော့မှာလား''

သူမအမေကသူမအားဖုန်းဆက်လှမ်းပြောတော့ဘုံဝမ်းသာလို့မဆုံး။
ဘုံ့ကြောင့်သာမဟုတ်ရင်ကိုကိုနဲ့မမစိမ်းကခုလောက်ဆိုလက်ထပ်ပြီးနေလောက်ပြီ။
အဲ့အတွက်ဘုံ့မှာအရမ်းအားနာနေခဲ့ရတာ။အခုမှပဲစိတ်ချမ်းသာတော့သည်။

''ဟုတ်တယ်သမီး နောက်တစ်ပတ်ထဲပဲ''

''နောက်တစ်ပတ် ဘယ်နေ့လဲမေမေ''

''တနင်္ဂနွေနေ့တဲ့''

''ဟုတ်လား အစ်ကို့ရဲ့အစ်ကိုဝမ်းကွဲကစနေနေ့မင်္ဂလာဆောင်မှာ''

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now