Part.20

1.5K 36 0
                                    

နေကြာသတိပြန်ရလာတော့သူမကအခန်းထဲတောင်ပြန်ရောက်နေပြီပင်။
သူမဗိုက်ကလည်းဒုတိယအကြိမ်ထပ်ချုပ်ပြီးသွားပြီထင်ပါရဲ့။

''အဟင့် ဟင့်''

ရဲစွမ်း နေကြာ့ကုတင်ဘေးမှာနားထင်တွေကိုလက်နဲ့ထောင်ကာထိုင်နေတုန်းငိုသံကြား၍သူခေါင်းမော့ကြည့်လိုက်တော့နေရာတစ်ယောက်အခုထိအရှိန်မသေသေးပဲငိုနေတုန်းပင်။

''နေကြာ နင်နိုးပြီလား''

''ကိုကို နေကြာအိပ်မက်မက်နေတာမလားဟင်''

ရဲစွမ်းသူမလက်ကိုဆုပ်ကိုင်၍

''ငါပြောမယ်နေကြာ နင်အခုလိုစိတ်ကိုလျှော့ချမပစ်နဲ့ စိတ်ကိုတင်းထား နင်ကျန်တဲ့တစ်ယောက်ကိုစောင့်ရှောက်ရဦးမယ်လေ နင်ပြိုလဲလို့မရဘူး''

''ဒါအိပ်မက်မဟုတ်ဘူးပဲ''

နေကြာမျက်လုံးတွေကိုမှိတ်ပြီးမှပြန်ဖွင့်ကာ

''သမီးလေးကိုနေကြာ့ကိုပေးပါ''

ရဲစွမ်းလည်းပုခတ်ထဲကကလေးအားချီယူပြီးနေကြာ့ဘေးမှာချပေးလိုက်၏။

''ငါတို့ရန်ကုန်ကိုဘယ်တော့ပြန်မလဲ''

''သမီးကဒီလောက်ငယ်သေးတာ ခရီးသွားဖို့အဆင်မပြေဘူး သမီးအရွယ်ရောက်မှပြန်မယ်''

နေကြာအိပ်ပျော်နေသောသမီးရဲ့နဖူးလေးကိုနမ်းကာ

''သမီးကတော့မေမေ့နားမှာတစ်သက်လုံးနေပါနော် မေမေ့ကိုမထားခဲ့ပါနဲ့ကွယ်''

နေကြာစိတ်ထဲမှတီးတိုးတောင်းဆိုလိုက်တော့သည်။

_____________

''ရှင်အခုထွက်သွား ရှင့်မျက်နှာကိုမမြင်ချင်ဘူး''

အဖူးတွေ့ရာပစ္စည်းတွေနဲ့နေမင်းအားကောက်ပေါက်နေ၏။
နေမင်းကလ​ည်းပေတေခံကာ

''အဖူးကလည်း ကိုကိုအဖူးကိုအားလုံးရှင်းပြပြီးပြီလေ အဖူးမယုံသေးဘူးလား''

''မယုံဘူး လုံးဝမယုံဘူး ရှင့်ကိုလည်းမမြင်ချင်ဘူး ထွက်သွား''

''လာပါသားရယ် သမီးကိုစိတ်ဆိုးအောင်မလုပ်တော့နဲ့ လာ''

ထင်ထင်လည်းသားဖြစ်သူအားအခန်းထဲကခေါ်ထုတ်လာခဲ့လိုက်၏။

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now