Part.18

1.5K 39 0
                                    

ရဲစွမ်းအိမ်ပြန်ရောက်တော့နေကြာနဲ့ရဲသွေးကဧည့်ခန်းမှာထိုင်ကာစကားပြောနေကြပြီးနေကြာကလည်းမျက်ရည်နဲ့မျက်ခွက်။

သူနေကြာ့ဆီသွားကာသူမလက်မောင်းနှစ်ဖက်အားခပ်ကြမ်းကြမ်းဆုပ်ကိုင်၍

''နင်ဘာဖြစ်နေတာလဲ အဲ့လိုကောင်အတွက်နင်ဘာကိုခံစားနေတာလဲ နင်ဘာလို့အဲ့ကောင်အတွက်မျက်ရည်ကျနေတာလဲ''

ရဲသွေးကသူ့လက်ထဲကနေကြာ့အားဆွဲခေါ်၍

''မင်းအဲလိုမလုပ်နဲ့ အခုနေကြာဘာဖြစ်နေလဲသိလား''

''ဘာဖြစ်နေလို့လဲ သူဘာဖြစ်နေလို့လဲ''

''သူ သူကိုယ်ဝန်ရှိနေပြီတဲ့''

''ဘာ! ကိုယ်ဝန်''

နေကြာလည်းဆိုဖာပေါ်ပြန်ထိုင်ချပြီးမျက်နှာကိုလက်နဲ့အုပ်ကာငိုလိုက်တော့၏။

ရဲစွမ်းမေးကြောတွေထောင်တင်းလာပြီးမျက်နှာတစ်ခုလုံးရောမျက်ဝန်းတွေပါနီရဲလာရသည်။
ဒါတွေကသူကြောင့်ဖြစ်တာ။သူ့ကြောင့်နေကြာခုလိုဖြစ်ရတာ။
အားလုံးကသူ့အပြစ်တွေပဲ။

သူနေကြာ့ရှေ့ဒူးထောက်ထိုင်ချပြီးနေကြာ့လက်နှစ်ဖက်ကိုဆွဲယူကာ

''နင်ဘယ်လိုလုပ်မှာလဲနေကြာ ဟိုကောင့်လက်ထဲကိုတော့ငါနင့်ကိုမထည့်ပေးနိုင်နော်''

''နေကြာဒီကလေးကိုမွေးမှာ''

ထိုစဥ်

''ကလေး ...ဘယ်ကကလေးလဲ''

အသံလာရာကိုလှည့်ကြည့်လိုက်တော့သူတို့အမေ။

ခြွေကြားလိုက်ရတဲ့စကားကရှင်းရှင်းလင်းလင်းကြီးပေမယ့်လည်းမယုံချင်တဲ့စိတ်နဲ့ထပ်မေးမိသည်။

နေကြာလည်းကြောက်အားလန့်အားနဲ့အစ်ကိုဖြစ်သူရဲစွမ်းနောက်မှာပုန်းနေလိုက်မိ၏။
ဒါကိုသူမအမေကအတင်းဆွဲခေါ်၍

''ဟဲ့ ငါမေးနေတယ်လေ ဘယ်ကကလေးကိုနင်ကမွေးမယ်ပြောနေတာလဲ''

''အဟင့် မေမေ''

''နင် နင်ကိုယ်ဝန်ရှိနေတာလား ဟမ်!''

နေကြာအမေဖြစ်သူမျက်သူမျက်နှာကိုမကြည့်ရဲ၍ခေါင်းသာငုံ့ထားမိသည်။

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now