နေကြာဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်ရောက်ချင်းကမ္ဘာကသူမထံရောက်လာလေ၏။
သူ့ကိုမြင်တာနဲ့ဧကရာဇ်ကထိုးမယ်တကဲကဲလုပ်နေလို့ခြွေ့မှာမနည်းတားထားရသည်။
''မင်းကငါ့အိမ်ကိုဘာလာလုပ်တာလဲ ခုချက်ချင်းငါ့အိမ်ထဲကထွက်သွား''
''အန်ကယ် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်အမှားတွေကိုပြန်ပြင်ဆင်ခွင့်ပေးပါ''
''ငါဘာမှမကြားချင်ဘူးဟေ့ကောင် မင်းအခုထွက်သွား''
နေကြာ့အဖေကကသူ့ကိုအိမ်ထဲကနေတွန်းထုတ်တော့နေကြာကအခန်းတစ်ခန်းထဲကနေမျက်ရည်တွေဝေ့သီနေသောမျက်ဝန်းတွေနဲ့သူ့အားကြည့်နေပြီးသူနဲ့အကြည့်ချင်းဆုံတာနဲ့ချက်ချင်းပဲအခန်းတံခါးကိုပြန်ပိတ်ပစ်လိုက်လေ၏။
''မင်းအခုထွက်သွား မင်းလိုလူယုတ်မာလက်ထဲကိုငါ့သမီးနဲ့ငါ့မြေးကိုဘယ်တော့မှပြန်မထည့်ပေးဘူး''
ဧကရာဇ်ကသူ့ကိုအတင်းတွန်းထုတ်ရင်းခြံထဲရောက်တာနဲ့ကမ္ဘာကဒူးထောက်ချကာ
''ကျွန်တော့်ကိုခွင့်မလွှတ်မချင်းကျွန်တော်မသွားဘူး ကျွန်တော်နေကြာ့ကိုချစ်တယ် အရင်ကမှားခဲ့တာတွေအတွက်လည်းနေကြာ့ကိုပြန်ပြီးပေးဆပ်ချင်တယ် ကျွန်တော်နေကြာနဲ့သမီးလေးနဲ့အတူမိသားစုဘဝကိုထူထောင်ချင်တယ်အန်ကယ် နေကြာအပါအဝင်အန်ကယ်တို့မိသားစုကျွန်တော့်ကိုလက်ခံမှကျွန်တော်ဒီနေရာကထမယ်''
''ဘာကွ!!''
သူထပ်ထိုးဖို့ရွယ်တော့ခြွေကသူ့ကိုဆွဲကာ
''မလုပ်ပါနဲ့ကိုကြီးရယ် လာပါ သူ့ဘာသာဘာလုပ်လုပ်ပစ်ထားလိုက်''
ပြောရင်း ခြွေကသူ့အားအိမ်ထဲဆွဲခေါ်လာလေ၏။
နေကြာလည်းအပြင်ကအသံတွေကြောင့်အခန်းနံရံကိုမှီထိုင်ကာငိုတော့သမီးကသူမမျက်ရည်တွေကိုလာသုတ်ပေးပြီး
''မေမေငိုနဲ့လေ ငိုရဘူးနော်''
နေကြာမျက်ရည်တွေကိုကမန်းကတန်းသုတ်ရင်းသမီးအားရင်ခွင်ထဲမှာဖက်ထားလိုက်သည်။
_____________
နာရီများစွာကြာမြင့်သွားခဲ့ပြီ။ဒါပေမယ့်ကမ္ဘာကဇွဲကောင်းကောင်းနဲ့ဒူးထောက်နေတုန်းပင်။
YOU ARE READING
အချစ်အပိုင်းအစလေးများ [completed]
RomanceCompleted [မှတ်ချက်။ ။ဤficသည် ယခင်ရေးသားခဲ့ဖူးသောMy little doll,Tell me''Love You'',There is love in the heart,My Queenကိုဖတ်ဖူးမှသာလျှင်ဇာတ်ရည်လည်ပါမည်။]