"ဆိုလိုတာက ငါ့အစ်ကိုနေရာမှာငါဖြစ်သွားတာမျိုးပေါ့"
ထိုအပြောအားမြဇူး မမှိန်မသက်ကြောင်ကြည့်နေမိသည်။ထို့နောက် မိမိခါးမှလက်များအားတွန်းဖယ်ရင်း..
"ရှင်ဘာစကားပြောတာလဲ ကိုနိုင်းမတ္ထ"
"မင်းမတွေးမိဘူးလား မြဇူးခေ မိန်းမပွေတဲ့ငါ့အစ်ကိုက မင်းလိုမိန်းကလေးမျိုးကိုတကယ်ချစ်မယ်တဲ့လား အဲ့လောက်လွယ်မနေဘူးလေ အဲ့အစားငါတို့မိသားစုထဲဝင်ချင်ရင် ငါကပဲမသင့်တော်ဘူးလား"
"အဲ့တော့..ရှင်က ရှင့်မိသားစုပျက်စီးမဲ့အရေးကိုကူညီမယ်ပြောနေတာလား"
"ဟား.ဟား..ဟား..!"
မိမိအပြောအားခေါင်းမော့ကာအားပါးတရရီနေသောထိုလူကားနာမည်စွာကြည့်နေမိ၏။ထို့နောက်စကားဆက်လေသည်။
"ပျက်စီးမယ်တဲ့လား ?အွန်းမပြောတက်ဘူး ငါ့မိသားစုကပဲပျက်စီးမလား မင်းပဲနစ်နာမလားဆိုတာ"
"ဆုတောင်းနေလိုက် ကိုနိုင်းမတ္ထ ဒီတစ်သက်ရှင့်ကိုယူဖို့မပြောနဲ့ ရှင်နဲ့တောင်တစ်လေတည်းအတူရှူနေရတာ ရွံလွန်းလို့.. "
ဟုဆိုရင်း အခန်းပြင်သို့ထွက်လာခဲ့တော့သည်။မိမိအနောက်မှသူကား မည်သို့မည်ပုံဖြစ်နေမှန်းမသိ။
အခန်းတွင်းရှိသူကတော့ ဆေးလိပ်တစ်လိပ်အားထုတ်ဆွဲကာမီးညှိလိုက်ရင်း
"မင်းကိုယ်တိုင် ငါ့မျက်စိရှေ့ရောက်လာခဲ့တာ အဲ့တော့ဖြစ်လာမဲ့ကိစ္စတွေအတွက်ငါ့ကိုအပြစ်မတင်နဲ့မြဇူးခေ"
***************************
မီးအမှောင်ချထားသောအိပ်ခန်းအတွင်းဝိုင်တစ်ခွက်ကားအဖော်ပြုရင်းကိုယ့်ကိုကို လှောင်ရီနေမိသူကား မြဇူးပင်၊ တစ်ချိန်က အရမ်းမုန်းပါတယ်ဆိုတဲ့ဝိုင်အားယခုခါတွင်တော့နှစ်ခြိုက်စွာသုံးစွဲနေမိသည်၊ တစ်ချိန်ကသူများကိုဒုက္ခမပေးတက်တဲ့မိန်းကလေးကား ယခုခါတွင်အခြားသူအားမည်သို့မည်ဘုံ ဒုက္ခပေးရမလဲဆိုတဲ့အတွေးတွေနဲ့သာပြည့်နှက်နေမိသည်။တစ်ချိန်က မိမိအားချစ်ခင်ယုယပေးသော လက်တစ်စုံအားယခုခါတွင်သေလောက်အောင်ရွံမုန်းနေမိ၏။
![](https://img.wattpad.com/cover/357052142-288-k464758.jpg)
YOU ARE READING
A golden stranger
Actionငယ်ရွယ်စဥ်ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုကြောင့်ဘဝတစ်ခုလုံးနစ်မွန်းခဲ့ရတဲ့မိန်းမပျိုလေး မြဇူးခေ၊ မိမိသဘောကျနှစ်သက်သောမိန်းကလေးအားမိသားစုကြောင့်အထင်လွဲမှုနှင့်ပစ်ပယ်ခဲ့ရသော နိုင်းမတ္ထ၊ အစ်ကိုဖြစ်သူကိုဘယ်သူ့လက်ထဲမှမထည့်နိုင်ပဲသဝန်တိုလွန်းတဲ့နိုင်းသတ္တရေ၊ အချစ...