PART-13[Unicode]

97 1 0
                                    

ပုဂံဘုရားသို့အ​ရောက်ရှေးဟောင်းဘုရားပုထိုးများအားကြည့်ကာ အံ့သြနေသော မိန်းမငယ်လေးတစ်ဦးနှင့် ထိုမိန်းမငယ်လေးအားကြည့်ကာ ကြည်နူးနေမိသော ယောကျာ်းလေးတစ်ဦး၊

အစက မတ္ထကိုယ်တိုင်ဓာတ်ပုံရိုက်ပေးမည်ဆိုတာကို "ကျွန်မတို့အရွယ်က ဓာတ်ပုံရိုက်ရမဲ့အရွယ်လား"ဆိုပြီးပြောခဲ့သူအား ယခုအခါတွင်တော့ လမ်းတစ်လှမ်းလျှောက်ပြီးသည်နှင့်ဓာတ်ပုံတစ်ခါရိုက်ပေးနေရလေသည်။

မတ္ထတို့ ဘုရားဖူးနေစဥ်ပင် ကလေးမလေးတစ်ယောက်က အနားသို့ရောက်လာ၏။

"ကိုကြီးနဲ့မကြီးကို သမီး ပုဂံဘုရားလို့ဆိုလိုက်တာနဲ့သတိရစေမဲ့ ဇာတ်ကြောင်းလေးကိုပြောပြချင်ပါတယ်"

ထိုစကားတက်လှသော ကလေးအား ​မငြင်းပယ်မိပဲ နားထောင်နေလိုက်သည်။

"ပုဂံမြေကနေထွက်ခွာခဲ့တဲ့မိဖုရားစောမွန်လှအကြောင်းပါအနော်ရတာမင်းရဲ့အစ်ကိုတော်ကနှမတော်ကို အနော်ရထာမင်းထံ ဆက်သခဲ့တယ်၊ အနော်ရထာမင်းကြီးဟာစောမွန်လှကို ချစ်မြတ်နိုးအရေးပေးခဲ့တယ်။ စောမွန်လှဟာ မြတ်စွာဘုရားဓာတ်တော်များကို နားတောင်း
ကွင်းပီးဝတ်ဆင်ပူဇော်ထားပြီး ညအချိန်တွင် ဓာတ်တော်များကွန့်မြူးတာကို စောမွန်လှအပေါ် မနာလိုတဲ့ မိဖုရားအချို့က စောမွန်လှဟာ စုန်းတောက်စားတယ်ဆိုပြီး ဘုရင့်ကိုကုန်းချောခဲ့ကြတယ်။အဲ့ဒါ​နဲ့စောမွန်လှလည်း အနော်ရထာမင်းနဲ့မသင့်မတင့်ဖြစ်လာပြီး မောပြည်ဖြစ်တဲ့စယ်လန့်သို့ ပြန်လာရတယ် လမ်းမှာ ဒုဋ္ဌဝတီမြစ်ကူးချိန် နားတောင်းကျရာ၌ ဘုရားတည်ပြီး မုခ်ပေါက်ဝကို ရှမ်းပြည်ဖက်လှည့်ထားပါတယ်။ အနော်ရထာမင်းကြီးကြားသိချိန်မှာတော့ အထောက်တော်များကို စေလွှတ်ပြီး မုခ်ပေါက်ရှမ်းပြည်ဖက်လှည့်ထားပါက စောမွန်လှအားသတ်ရန်၊ ဗမာပြည်ဖက်လှည့်ထားပါက မသတ်ရန် စေလွှတ်လိုက်တာပေါ့။ အဲ့သတင်းကို စောမွန်လှကြားသော် သစ္စာပြုပြီး မုခ်ပေါက်ကို ဗမာပြည်ဖက်လှည့်စေရန် အဓိဋ္ဌာန်ပြုလိုက်ပါရောအေဲ့လိုနဲ့မုခ်ပေါက် ကဗမာပြည်ဖက်ရောက်သွားတာပါတဲ့"

A golden strangerWhere stories live. Discover now