အဝေးပြေးလမ်းမပေါ်မောင်းနှင်လာသောကားတစ်စီးပေါ်တွင် မတ္ထရော မြဇူးခေပါတိတ်ဆိတ်နေလေသည်။
ပြီးခဲ့တဲ့နှစ်ရက်ကပဲ မတ္ထ မိခင်ဖြစ်သူအား မိမိလက်ထပ်မဲ့မိန်းကလေးကဘယ်သူဖြစ်ကြောင်းကိုဖွင့်ဟပြောဆိုခဲ့သည်။မိခင်မှာ အနည်းငယ်တုန်လှုပ်ဟန်ပြပြီးမှခဏတာစဥ်းစားပြီးနောက်တွင်သဘောတူကြောင်းပြန်လည်ပြောကြားသောကြောင့် မြဇူးခေအား မိတ်ဆက်ရန်ခေါ်လာခဲ့ခြင်းပင်။
ကားပေါ်ကဆင်းရင်း မြဇူးမော့ကြည့်မိသည်မှာထိုအိမ်ကြီးသို့..
"မြဇူးခေ?"
ထိုအသံကြောင့်ကြည့်မိတော့ မိမိအားလက်ကမ်းပေးရင်းခေါ်နေသောနိုင်းမတ္ထ ၊ မြဇူးတစ်ချက်ပြုံးလိုက်ရင်းထိုလက်အား ကိုင်စေ၍အိမ်ထဲသို့ဝင်လာခဲ့၏။
ဤတွင် အိမ်ဧည့်ခန်းမှာမြဇူးတို့အားစောင့်နေပုံရသော ဒေါ်ကေသာခိုင်နဲ့မိုင်းနတ္ထမောင်တို့အားတွေ့ရ၏။
"ကြိုဆိုပါတယ် မြဇူး..သြော်မှားလို့ အခုဆိုခယ်မလေးပေါ့"
မိုင်းနတ္ထမောင်၏အပြောအားပြုံး၍သာပြလိုက်ရင်း မြဇူးအား ကြည့်နေသော ဒေါ်ကေသာခိုင်အားနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အန်တီ"
မိမိအပြောအား ဒေါသအလျဥ်းမပါပဲ ပြုံးပြလာသောဒေါ်ကေသာခိုင်အား မြဇူးအံ့သြနေမိ၏။ထိုစဥ်အိမ်ပေါ်မှဆင်းလာသော နှိုင်းသတ္တရေ၊မှာမြဇူးအနားလျှောက်လာရင်းအနားအရောက်
"ကိုကိုပျော်နေလား ရေရေ့စကားတွေကိုလျစ်လျူရှုပြီးဒီမိန်းမပျက်!နဲ့လက်ထပ်ဖို့အတွက်ဒီလောက်တောင်အရေးကြီးနေတာလား"
"ရေရေ လွန်မလာနဲ့လို့ ကိုကိုပြောပြီးပြီနော်၊ မြဇူးခေကရေရေ့ထက်အသက်အများကြီး ကြီးတယ်အဲ့အပြင်မကြာခင် ကိုကို့ဇနီး၊ ညီမလေးရဲ့ယောက်မဖြစ်လာတော့မှာ"
"အသက်ကြီးတိုင်းရိုသေရမှာလား ၊ ပြောပါအုံးကိုကို ရေရေတို့ကအသက်ကြီးတဲ့သူတောင်းစားတွေကိုထိုင်ကန်တော့ဖို့လိုလို့လား?"
ထိုအပြောကြောင့်မြဇူး နှိုင်းသတ္တရေအားစိုက်ကြည့်နေမိသည်။ဘာစကားမှတော့ပြန်မပြော၊ထိုစဥ်ဒေါ်ကေသာခိုင်မှ
![](https://img.wattpad.com/cover/357052142-288-k464758.jpg)
YOU ARE READING
A golden stranger
Acciónငယ်ရွယ်စဥ်ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုကြောင့်ဘဝတစ်ခုလုံးနစ်မွန်းခဲ့ရတဲ့မိန်းမပျိုလေး မြဇူးခေ၊ မိမိသဘောကျနှစ်သက်သောမိန်းကလေးအားမိသားစုကြောင့်အထင်လွဲမှုနှင့်ပစ်ပယ်ခဲ့ရသော နိုင်းမတ္ထ၊ အစ်ကိုဖြစ်သူကိုဘယ်သူ့လက်ထဲမှမထည့်နိုင်ပဲသဝန်တိုလွန်းတဲ့နိုင်းသတ္တရေ၊ အချစ...