PART-10[Unicode]

106 1 0
                                    

"ဟယ်လို ကြည်ပြာ ငါတို့တွေ့ရအောင်"

မြဇူးစိတ်တိုတိုနှင့်ထိုအိမ်မှထွက်လာပြီး ကြည်ပြာတို့နှင့်ချိန်းထားသော Barသို့ရောက်လာတော့သည်။နေရာအစုံကိုကွေ့ဝိုက်ကြည့်လေတော့ထောင့်ခုံမှာထိုင်နေသော ကြည်ပြာနှင့်နဒီတို့လင်မယားကိုပါ တွေ့လိုက်သဖြင့် မြဇူးရုတ်တရက်ပျော်သွားကာ အပြေးလွှားသွားလိုက်၏။

"နဒီတို့ပါ ရောက်နေတာကိုး"

"မြဇူး နင်နိုင်းနဲ့လက်ထက်လိုက်ပြီဆို ဘာလို့ငါတို့ကိုမဖိတ်တာလဲ"

နဒီ၏အမေးကိုမဖြေခင် ခုံပေါ်တွင်တင်ထားသော ဘီယာတစ်ခွက်အားမော့ချလိုက်ကာ

"နင့်တို့ကိုသာဖိတ်ရင် အဲ့နေရာမှာလူသတ်ပွဲဖြစ်သွားမယ်ထင်လို့"

"သေချာတာပေါ့ အဲ့ကောင်နိုင်းကို ငါသတ်ချင်တာကြာပြီ ငါတို့ကိုမတိုင်ပင်ပဲလက်ထက်လိုက်တဲ့နင်ကရော ဘာလဲနင်တို့ကပြန်အဆင်ပြေသွားကြတာလား"

မိမိခံစားခဲ့ရသည်များကိုဘေးကနေမြင်ခဲ့ရသည့်ကြည်ပြာနဲ့နဒီရဲ့စိတ်အားမြဇူးနားလည်ပေသည်။

"မဟုတ်ပါဘူး ငါလည်းတစ်ခုခုလိုအပ်လို့လပ်ထပ်ခဲ့ရုံပဲ"

ဟုပြောရင်း လက်ကျန်ဘီယာအားထပ်မော့လိုက်စဉ်

"မြဇူး အခုဆိုနင်ကအိမ်ထောင်သည်ဖြစ်နေပြီလေ ဒီလိုညကြီးအရက်သောက်နေလို့ဖြစ်ပါ့မလား"

ဇွဲထက်၏အပြောကြောင့်တစ်ချက်ရီလိုက်ရင်း

"အဲ့ဒါဆိုနင်ကရော နဒီ့ကိုထိန်းနိုင်လို့လား"

"ဟူး.. မနိုင်ဘူးဟေ့ မနိုင်ဘူး "

ငထက်ရဲ့ခေါင်းခါပြီးညည်းလိုက်သံကြောင့် မြဇူးတစ်ဝိုင်းပွဲကျသွားတော့၏။

********************************
ညသန်းခေါင်အချိန်ထိ အိမ်ပြန်မလာသော ဇနီးသည်အား မတ္ထ ဒေါသထွက်နေမိသည်။ညနေကဖြစ်ခဲ့သည့်ကိစ္စအပေါ်တွင်လည်းအခုထိမကျေမချမ်းဖြစ်နေဆဲပင်။

ထိုစဉ်ဝင်လာသောဖုန်းအားကိုင်လေတော့

"ယျောင့်နိုင်း ငါ ငထက်ပါ"

A golden strangerWhere stories live. Discover now