PART_12[Unicode]

137 4 0
                                    

မနက်စာ ထမင်းစားဝိုင်းတွင်ဖြစ်သည်။ဒေါ်ကေစသာခိုင်တွင်တော့နေမကောင်းသည့်အတွက်ထွက်မစားနိုင်။မြဇူးတို့လေးယောက်သာရှိနေ၏။

မြဇူးပန်းကန်ထဲသို့ ဟင်းထည့်ပေးသောနိုင်းမတ္ထ နှင့်အချင်းချင်းပြုံးပြနေကြသော မြဇူးတို့အားကြည့်ကာမိုင်းနတ္ထမှ

"မင်းတို့လင်မယားအဆင်ပြေနေပုံပဲ ဟုတ်လား?"

"ဘယ်တုန်းကအဆင်မပြေလို့လဲ"

ညီဖြစ်သူ၏ပြန်ဖြေပုံကြောင့် နတ္ထတစ်ချက်ရီလိုက်ကာ အိတ်ကပ်ထဲမှ လက်မှတ်တစ်စောင်အားထုတ်၍စားပွဲပေါ်တွင်ချပေးလိုက်၏။

"လက်ထက်ပြီးကတည်းက ဟန်းနီးမွန်းမထွက်ရသေးဘူးမလား ဒါငါစီစဥ်ထားပေးတာ သွားလိုက်ကြ.ဟုတ်ပြီလား"

နိုင်းမှထိုလက်မှတ်အားယူကြည့်တော့ ပုဂံ
ခရီးစဥ်အတွက်စီစဥ်ထားခြင်းပင်။

"ကျေးဇူးပါ ခဲအို၊ တစ်လက်စတည်း ခရီးကပြန်လာရင် အိမ်ခွဲနေရင်ကောင်းမလားလို့ ​စဥ်းစားနေတာ"

မြဇူး၏အပြောကြောင့် နှိုင်းသတ္တရေမှ စားပွဲခုံအားလက်နှင့်ထုလိုက်ရင်း အလန့်တကြားနှင့်

"မဖြစ်ဘူး! ကိုကိုတို့အိမ်ခွဲနေလို့မရဘူးနော် "

"ဘာလို့လဲ ရေရေရဲ့ မမတို့က ဒီမှာပဲဆက်နေလို့မရဘူးလေ "

"ရှင်ဘာမှ ဝင်မပြောနဲ့ ကိုကို့ မသွားရဘူးနော်"

"ရေရေ့အပေါ်မှာပဲ မူတည်တယ်လေ ၊ မိန်းမနဲ့ညီမ မတည့်မှတော့ ကိုကိုကဘယ်လိုလုပ်ပေးရမှာလဲ"

"ရေရေ မမနဲ့တည့်အောင်နေပါ့မယ် ကိုကိုဒီအိမ်ကနေထွက်မသွားပါနဲ့ နော်.."

ညီမဖြစ်သူ၏တောင်းဆိုမှုကြောင့် ဇနီးသည်အားတစ်ချက်ကြည့်တော့ ခေါင်းငြိမ့်ပြသည်နှင့်

"ကောင်းပါပြီ ရေရေရယ် မသွားတော့ပါဘူး"

ထိုမှခဏငြိမ်သွားရင်း မြဇူးမှစကားစလိုက်သည်။

"ဒီနေ့ အလုပ်ကပြန်လာရင် အားလုံးကိုပြောစရာရှိတာကြောင့် လူစုံနေစေချင်တယ်၊ အထူးသဖြင့် ရေရေပေါ့"

A golden strangerWhere stories live. Discover now