တိတ်ဆိတ်နေသော အခန်းငယ်အတွင်း ရေရေကတော့ ဝိုင်တစ်ခွက်နှင့် တွေးတောနေလေသည်။မိမိအစ်ကိုမှာ သူတို့ကလေးရဲ့ခြောက်လပြည့်ဂုဏ်ပြုပွဲဖိတ်စာကို မိမိကိုပင်မဖိတ်ခဲ့။
ထိုအကြောင်းရာကိုတွေးတောရင်း ရေရေ့ပါးစပ်ထွက်လာသောစကားလုံးများ..
"ရေရေက ကိုကို့ ကို ရေရေ့မူပိုင်ပဲဖြစ်ချင်ခဲ့ရုံပါ"
ထိုစကားမှာ မည်သည့်အရောင်အဆင်းမှမရှိ၊ အစ်ကိုတစ်ယောက်အားသံယောဇဉ်ကြီးစွာ ဝန်တိုမိသည့် ရေရေ့ရဲ့စကားသံများဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ နောင်တစ်လနေပါက မိမိမှာ ထိုသံယောဇဉ်များရှိရာအိမ်ကြီးသို့ခြေချရအုံးပေမည်။သေချာသည်မှာ အစ်ကိုဖြစ်သူအား တစ်သက်တာဆုံးရှုံးလိုက်ရခြင်းပင်။အဲ့အတွက်လည်း တက်နိုင်သည်မှာ မရှိတော့။
*********************************
ဂုဏ်ပြုပွဲကြောင့် ပင်ပန်းသွားသော ဇနီးသည်မှာ အိပ်ရာထက်တွင် တည်ငြိမ်စွာ လဲလျောင်းနေလေသည်။မတ္ထ ခြေလှမ်းများကိုသာယာစွာလျှောက်လိုက်ကာ အနားသို့ဝင်လှဲလိုက်၏။ ထို့နောက် ခြောက်လသာရှိသေးသော သမီးငယ်၏ရင်ခုန်သံအားနားထောင်ရန် မတ္ထ၏နားအား ဗိုက်နားသို့ကပ်ကာ နားစွန့်နေမိသည်။
ထိုကြည်နူးမှုအား ဘယ်အရာနဲ့မှ လဲမရ၊
"အွန်း...ဘာလုပ်နေတာလဲမောင်?"
"ဇူးနိုးသွားတာလား မောင်တောင်းပန်ပါတယ်"
"ဇူးမှေးနေရုံပါ"
"ဇူး?"
"ဟွန်?"
"ကိုယ် သမီးလေးကိုစကားပြောလို့ရလား"
မတ္ထပြောတော့ ဇူးမှာ ပြုံးစိစိနှင့်ခေါင်းငြိမ့်ပြလေသောကြောင့် အလျင်အမြန်ပင် ဗိုက်နားသို့ကပ်လိုက်ကာ ဇူးအားတစ်ချက်မော့ကြည့်ရင်း
"သမီး... ဖေဖေပါ ဟီး"
နောက်ကရီသံကြောင့် မြဇူးပါ လိုက်ပြုံးမိသည်။
"မေမေ့ကိုအရမ်းဒုက္ခမပေးပါနဲ့နော် ဖေဖေ့ရဲ့အသည်းကျော်လေးမို့လို့ပါ"
ထိုအပြောကြောင့်ဇူးမှာ မတ္ထလက်မောင်းအားတစ်ချက်ရိုက်လိုက်ရင်း
YOU ARE READING
A golden stranger
Actionငယ်ရွယ်စဥ်ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုကြောင့်ဘဝတစ်ခုလုံးနစ်မွန်းခဲ့ရတဲ့မိန်းမပျိုလေး မြဇူးခေ၊ မိမိသဘောကျနှစ်သက်သောမိန်းကလေးအားမိသားစုကြောင့်အထင်လွဲမှုနှင့်ပစ်ပယ်ခဲ့ရသော နိုင်းမတ္ထ၊ အစ်ကိုဖြစ်သူကိုဘယ်သူ့လက်ထဲမှမထည့်နိုင်ပဲသဝန်တိုလွန်းတဲ့နိုင်းသတ္တရေ၊ အချစ...