PART-9[Unicode]

103 1 0
                                    

"ရေရေ!"

ဟူသောခေါ်သံနှင့်တကွညီမဖြစ်သူအခန်းထဲသို့မတ္ထတို့လင်မယားနှစ်ယောက်အပြေးအလွှားရောက်လာတော့သည်။

ထိုစဥ်မြင်ရသည်က ဘယ်ဘက်လက်ကောက်ဝတ်မှာပတ်တီးအဖွေးသားနှင့်အိပ်ယာထဲလဲနေသောညီမနဲ့ဘေးတွင်မိခင်ဖြစ်သူကချော့မော့ပြောဆိုနေပြီးအစ်ကိုဖြစ်သူမိုင်းနတ္ထကလည်းရပ်ကြည့်နေ၏။မတ္ထတို့ဝင်လာသည်နှင့်

"ကိုကို"

ဆိုသောအားအင်ဖျောလျော့နေသည့်ညီမဖြစ်သူအသံအားကြားရင်း ဘေးနားသွားလိုက်ကာ

"ဘယ်လိုဖြစ်တာလဲရေရေ ?"

မတ္ထအမေးအား

"ဘယ်လိုဖြစ်ရမှာလည်း စိတ်ကူးယဥ်ပြီးလျှောက်လုပ်တာလေ မသေတာကံကောင်း"

ဟူ၍မိုင်းနတ္ထကဝင်ပြောတာကြောင့်

"ဟုတ်လား ရေရေ?"

"တောင်းပန်ပါတယ် ကိုကို ရေရေနောင်တရပါပြီနောက်မလုပ်တော့ပါဘူး ကိုကိုကအဲ့လိုအော်တော့စိတ်မကောင်းဖြစ်သွားလို့ပါ"

"ရေရေ ရယ်ဒါအခက်မသင့်ရင်သေသွားနိုင်တယ်သိလား၊ကိုကိုအဲ့လိုအော်တိုင်းသာဒီလိုလုပ်နေမယ်ဆိုရင် ကိုကိုက ရေရေမဟုတ်တာလုပ်နေလည်းမဆုံးမရတော့ဘူး၊စိတ်မဆိုးရတော့ဘူးလား"

"မဟုတ်ပါဘူးကိုကို အဲ့လိုမဟုတ်ပါဘူး"

ဆိုကာ အတင်းကုန်းရုံးထပြီးမတ္ထလက်အားကိုင်လိုက်ကာ ပြောလာသောညီမအားကြည့်ရင်းသက်ပြင်းသာချမိ၏။မိမိအားသူ့အပေါ်စိတ်မဆိုးစေချင်၍ပြောနေသောညီမကို မတ္ထ အဘယ်သို့စိတ်ဆိုးနိုင်မည်နည်း။

"ရေရေ ကိုကိုပြောတာနားထောင် စိတ်ကောက်တိုင်းစိတ်ဆိုးတိုင်းအခုလိုကိုယ့်ကိိုကိုထိခိုက်အောင်မလုပ်ရဘူး၊အဲ့ဒါအလုပ်ဖြစ်မှာမဟုတ်ဘူး၊ရေရေသာတစ်ခုခုဖြစ်သွားကြည့် အမေနဲ့အစ်ကိုနှစ်ယောက်ကဘယ်လောက်တောင်ရင်ကျိုးလိုက်မလဲ၊ ကိုကိုတို့မှာဒီညီမလေးတစ်ယောက်ပဲရှိတာအဆုံးရှုံးမခံနိုင်ဘူး၊တစ်ခုခုကိုမကျေနပ်တိုင်းသာအခုလိုလုပ်မယ်ဆိုရင်ရှေ့လျှောက်ကြုံလာရမဲ့အခက်ခဲတွေကိုရေရေဘယ်လိုရင်ဆိုင်မှာလဲ၊ ကိုကိုပြောတာနားလည်လားရေရေ?"

A golden strangerWhere stories live. Discover now