မနေ့ညကတည်းက အထုတ်အပိုးတွေပြင်ရင်းမြဇူးအိပ်ပင်မအိပ်ခဲ့ရပေ။ယခုလည်း ထုတ်ပိုးပြီးတဲ့အထုတ်တွေကို တံခါးဝမှာနေရာချပြီးအလုပ်သွားဖို့ပြင်ဆင်ရ၏။
တိုက်ခန်းကအထွက်ကားငှားဖို့ပြင်နေတုန်းမိမိရှေ့တွင်ရပ်လာသောအနက်ရောင်ကားတစ်စီကြောင့်မြဇူးရပ်ကြည့်နေမိသည်။ထို့နောက်ကားမှန်တံခါးပွက့်လာကာအထဲကလူကား မိုင်းနတ္ထမောင်ပင်။
"အတွင်းရေးမှုးမြဇူးခေ တက်ပါခင်ဗျ"
"ရပါတယ် ဒုဥက္ကဌ ကျွန်မကားငှားပြီးပဲလာခဲ့ပါ့မယ်"
"အတွင်းရေးမှူးမရှိတဲ့နှစ်ရက်အတွင်းကျွန်တော်ဘယ်လိုရုန်းခဲ့ရလဲ သိမှာမဟုတ်ဘူး ရုံးချိန်လည်းနောက်ကျတော့မယ် စိတ်မပူပဲတက်ပါဗျ"
အတင်းခေါ်နေသောလူကြောင့်ငြင်းမရပဲ မြဇူးလိုက်သွားလိုက်တော့သည်။လမ်းတစ်လျှောက်မောင်းနှင်လာရင်း
"မနေ့ကကိစ္စအတွက်ကျွန်တော်တောင်းပန်ပါတယ် မြဇူး"
"ရှင်?"
"ရာထူးနာမည်ခေါ်ရတာထောက်မနေဘူးလား မြဇူးလို့ပဲခေါ်လို့ရတယ်မလားဗျ?"
"ဟုတ်ကဲ့ ဒုဥက္ကဌအဆင်ပြေသလိုခေါ်နိုင်ပါတယ် မနေ့က ကိစ္စကိုတော့ ပြန်မတွေးပဲနေကြရအောင်ပါ"
"ခက်ပါရဲ့ မြဇူးရယ် ရာထူးကိုထည့်မခေါ်ပါနဲ့"
မိမိစကားကြောင့်နေရခက်သလိုဖြစ်သွားသောမိန်းကလေးအားကားနောက်ကြည့်မှန်မှပြုံးကြည့်မိ၏။
နတ္ထအခုလို မိန်းမလိုက်စား အပျော်ပါးမက်နေတာတွေဟာ မိဘတွေရဲ့ခွဲခြားဆုံးမမှုကြောင့်ဟုလည်းဆိုနိုင်သည်။ငယ်စဉ်ကတည်းက နတ္ထဟာအကြီးဆုံးသားဖြစ်သော်လည်း မိခင်ရဲ့မေတ္တာကိုအပြည့်အဝမရခဲ့၊ နတ္ထမွေးဖွားလာချိန်မှာ မိဘဖြစ်သူဦးမိုင်းရာဇာနဲ့ဒေါ်ကေသာခိုင်တို့မှာ မပျော်ရွှင်ခဲ့သည့်အပြင်မွေးဖွားလာသောသားဖြစ်သူအားကြည့်၍မျက်စိမျက်နှာပျက်ခဲ့ကြသည်။
အကြောင်းမှာအယူစွဲလွန်းတဲ့ ဖခင်လုပ်သူကြောင့်ဖြစ်၏။နတ္ထအားမမွေးခင်အချိန်တွင်းသူကိုးကွယ်သောနတ်ဆရာ ဗေဒင်ဆရာများအားကလေးရဲ့အနာဂတ်ကိုဟောခိုင်းခဲ့သည်။သူတို့ဟောခဲ့သည်မှာ အကြီးဆုံးသားဖြစ်တဲ့အလျောက်မိဘရဲ့ဥစ္စာကိုမွဲတေအောင်လုပ်ပြီး ကောင်းကျိုးမပေးသည့်ကလေးဖြစ်တယ်ဟုပင်။

YOU ARE READING
A golden stranger
Acciónငယ်ရွယ်စဥ်ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုကြောင့်ဘဝတစ်ခုလုံးနစ်မွန်းခဲ့ရတဲ့မိန်းမပျိုလေး မြဇူးခေ၊ မိမိသဘောကျနှစ်သက်သောမိန်းကလေးအားမိသားစုကြောင့်အထင်လွဲမှုနှင့်ပစ်ပယ်ခဲ့ရသော နိုင်းမတ္ထ၊ အစ်ကိုဖြစ်သူကိုဘယ်သူ့လက်ထဲမှမထည့်နိုင်ပဲသဝန်တိုလွန်းတဲ့နိုင်းသတ္တရေ၊ အချစ...