"ငါ့နဲ့လက်ထက်"
"ရှင်?"
ထိုစကားကြောင့် မြဇူး ကြောင်ကြည့်နေမိသည်။ထို့နောက်
"ကိုနိုင်းမတ္ထ ရှင်ဘာလို့ကျွန်မကိုပဲလက်ထပ်ခိုင်းနေတာလဲ အရင်တစ်ခါပြောပြီးသလိုပဲ ရှင်နဲ့ဘယ်တော့မှလက်မ..."
"ကုမ္ပဏီရဲ့ရှယ်ယာ10%?"
မြဇူးစကားမဆုံးခင် ဖြတ်ပြောလိုက်သောအပြောကြောင့်ခဏမျှငြိမ်နေမိလိုက်၏။
"မင်းလိုချင်တဲ့ ရှယ်ယာ10%အပြင် ငါနဲ့လက်ထပ်ပြီးကွာရှင်းတဲ့အထိ နစ်နာကြေးအဖြစ်ငါ့ပိုင်ဆိုင်မှုတစ်ဝက်ကိုပေးမယ် ဘယ်လိုလဲ?"
"အဲ့လောက်ထိ ရက်ရောပြီးပေးရအောင် ရှင့်အတွက်လက်ထပ်တာက အဲ့လောက်အရေးပါနေတာလား?"
မိမိအမေးအား လက်ဖျောက် တစ်ချက်တီးလိုက်ရင်း စကားဆို၏။
"မေးခွန်းကောင်းပဲ ဘယ်လောက်အရေးပါလဲဆိုတော့ ငါ့အဖေရဲ့သေတမ်းစာကြောင့်ပေါ့ ငါသာအိမ်ထောင်ပြုပြီး မြေးဦးကိုမွေးပေးနိုင်ရင် ကုမ္ပဏီကိုဦးစီးခွင့်ရမယ်ဆိုတဲ့သေတမ်းစာ"
"ခဏ.. နေပါအုံးကိုနိုင်းမတ္ထ ရှင်မေ့နေမှာဆိုးလို့ပြောပါရစေအုံး ရှင့်အမေက ကျွန်မနဲ့သဘောမတူလို့မရရအောင်ဖြတ်ခဲ့တာနော် ဒါနဲ့ပဲအခုတစ်ခေါက်မှာရော သဘောတူမှာတဲ့လား"
"သဘောမတူလို့မှ မရတာ အမေကိုယ်တိုင်ကသူ့သားလတ်ကိုပဲပေးချင်နေတာလေ တကယ်လို့ငါသာအိမ်ထောင်မပြုတော့ဘူးဆိုရင်တောင် အဲ့ကုမ္ပဏီက မိုင်းနတ္ထလက်ထဲရောက်မှာမဟုတ်ဘူး အဲ့တော့မင်းစဥ်းစားပေါ့ မင်းတကယ်လိုအပ်တာ မိုင်းနတ္ထလား ငါလား ဆိုတာ? "
"ဘာလို့ကျွန်မလဲ?"
"အလွယ်တကူ ငွေပေးပြီးကွာရှင်းလို့ရတာ မင်းပဲရှိမယ်ထင်လို့လေ"
ထိုစကားကြောင့်မြဇူးစိတ်ထဲ ခံပြင်းမိသွားသည်။
"အထင်သေးလှချည်လား ကိုနိုင်းမတ္ထမောင် ဟင်?"
"အထင်သေးတာမဟုတ်ပဲ အမြင်ကိုသာပြောပြရုံပါ။ ဆိုတော့ မင်းသဘောကရော?"
"မြေးဦးရတဲ့အထိဆိုတော့ ကျွန်မက ရှင့်သားသမီးကိုပါမွေးပေးရအုံးမှာလား၊ ရှင်ပြောပြောနေတဲ့ရှင့်ကလေးကိုမလိုချင်လို့ဖျက်ချခဲ့တဲ့ ကျွန်မကို အဲ့ကိစ္စအပ်တယ်ပေါ့"
YOU ARE READING
A golden stranger
Actionငယ်ရွယ်စဥ်ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုကြောင့်ဘဝတစ်ခုလုံးနစ်မွန်းခဲ့ရတဲ့မိန်းမပျိုလေး မြဇူးခေ၊ မိမိသဘောကျနှစ်သက်သောမိန်းကလေးအားမိသားစုကြောင့်အထင်လွဲမှုနှင့်ပစ်ပယ်ခဲ့ရသော နိုင်းမတ္ထ၊ အစ်ကိုဖြစ်သူကိုဘယ်သူ့လက်ထဲမှမထည့်နိုင်ပဲသဝန်တိုလွန်းတဲ့နိုင်းသတ္တရေ၊ အချစ...