PART_6[Unicode]

1.1K 15 0
                                        

ဖြေးညှဥ်းစွာဖွင့်လာသော မျက်လုံးတစ်စုံနှင့်ပတ်ဝန်းကျင်အားကြည့်တော့ တစ်စုံတစ်ယောက်ကား ရှိမနေပေ။မြဇူးသက်ပြင်းတစ်ချက်သာချရင်း ရေမိုးချိုးသန့်စင်ပြီးသည်နှင့်မှန်ရှေ့ကြည့်လေတော့ လည်ပင်းနဲ့ပုခုံးနားတစ်ဝိုက်ဘာဒဏ်ရာမှရှိမနေပေ။

မိမိလက်ကောက်ဝတ်တွင်တော့ချုပ်ထားခံရမှုကြောင့်အနီရောင်ပင်သန်းနေလေသည်။ရုံးပိတ်ရက်ဖြစ်တာကြောင့် အပြင်ထွက်စားမည်အစီစဥ်နှင့်အိပ်ခန်းကထွက်လေတော့ မီးဖိုချောင်စားပွဲမှာတွေ့ရသည်က ထမင်းကြော်တစ်ပန်းကန်နှင့်ကြက်ဥကိုခရမ်းချဥ်သီးနှင့်ကြော်ထားသော ဟင်းတစ်ခွက်အားတွေ့လိုက်ရသည်။

ထိုအနားမှစာတစ်စောင်အားဖတ်ကြည့်တော့

:မြဇူးခေ အိမ်မှာလည်းဟင်းလေးဘာလေးချက်စားဖို့ဝယ်သင့်တာလဲဝယ်အုံး ဘာမှကိုမရှိဘူး ရှိတာနဲ့ချက်ပေးထားတယ် စားလိုက်:

"ဟန့်... ငါဘာသာဝယ်ချင်ဝယ်မယ်မဝယ်ချင်မဝယ်ဘူးပေါ့ သူနဲ့ဘာဆိုင်လဲ လူမကောင်းကောင်"

ဟုကြိမ်းရင်းပြင်ပေးထားသည်များအား ပြုံးကြည့်မိသည်ကို မြဇူးကိုယ်တိုင်ပင်မသိလိုက်ချေ။

*******************************
ရုံးပိတ်ရက်ဖြစ်တာကြောင့် ထမင်းစားဝိုင်းတွင်လူစုံနေလေသည်။ထိုစဥ်

"အမေ့ကိုကျွန်တော်ပြောစရာရှိတယ်"

"ဘာလဲကိုကြီးပိုက်ဆံလိုလို့လား"

နတ္ထအပြောကိုကြားမှ ဖြတ်မေးလိုက်သောညီမဖြစ်သူအား ကြည့်လေတော့

"နှိုင်းသတ္တရေ ဝင်မပြောနဲ့"

ဟုမိခင်ဖြစ်သူကမာန်လိုက်ရင်း ပြော ဟူသောအမူရာဖြင့်ကြည့်လေသောကြောင့်နတ္ထစကားဆက်လိုက်သည်။

"ကျွန်တော်သဘောကျနေတဲ့မိန်းကလေးရှိတယ်"

"အဲ့တော့?မင်းသဘောကျတာ တစ်ယောက်မကဘူးမလား"

"ကျွန်တော်သူ့ကိုလက်ထပ်ချင်တယ် "

နတ္ထရဲ့ဆက်လိုက်တဲ့အပြောကြောင့် ထမင်းစားဝိုင်းရှိလူအားလုံး နတ္ထအားဝိုင်းကြည့်လေသည်။

A golden strangerWhere stories live. Discover now