PART-11[Unicode]

102 1 0
                                    

"ခွေးမသား မင်းကများ!!"

"ကိုကို့ တော်တော့!"

ဒီတိုင်းဆက်ထားပါက အခြေနေဆိုးလာမည်ဖြစ်တာကြောင့်ရေရေမနည်းဝင်တားလိုက်ရသည်။သို့နှင့်တိုင်အစ်ကိုဖြစ်သူကိုမနိုင်သေး

"ဒါဘာတွေဖြစ်နေကြတာလဲ!"

ထိုအသံနှင့်အတူ မိခင်ဖြစ်သူဝင်လာတော့မှ အစ်ကိုဖြစ်သူမှာ ခဏတာငြိမ်သွားလေသည်။ထို့နောက် မျက်နှာတစ်ခုအထိုးခံထားရသော အစ်ကိုကြီးမှာထလာရင်း ၎င်း၏ပါးစောင်ထဲမှသွေးများအား ဘေးသို့ထွေးထုတ်လိုက်ကာ

"ဟာ့ အတော်ကိုဒေါသထွက်နေတာပါလား နိုင်းမတ္ထ?"

ထို့အပြောကြောင့်

"မင်းကဒီအခြေနေကို ဘယ်လိုတုန့်ပြန်စေချင်တာလဲ?"

"ငါ့အသားကိုမထိခင် နည်းနည်းပါးပါးစူးစမ်းအုံးမှပေါ့ ငါ့ညီရယ်"

"ညီ? "

ကိုကိုမှာထိုစကားအားတန်ပြန်ပြောလိုက်ပြီးအစ်ကိုကြီးနားသို့ကပ်သွားလိုက်ကာ

"မင်းဆိုတဲ့ကောင်ကလေ ငယ်ငယ်တည်းကငါပိုင်ဆိုင်သမျှကိုလုယူခဲ့တာ ၊ ဘာလို့လဲ? ငါပိုင်ဆိုင်တဲ့အရာမှန်သမျှမင်းမရနိုင်လို့လေ၊ ဘယ်အရာကိုပဲမင်းလုယူပါစေ ငါ့မိန်းကလေးကိုတော့လာမထိနဲ့ ၊ မိုင်းနတ္ထ မင်းငါ့ကိုတစ်ခါလေးတောင်ညီလို့သဘောထားခဲ့ဖူးလား ဟမ်?"

သားနှစ်ယောက်ရန်ဖြစ်နေသည့်မြင်ကွင်းအား
ကြည့်ရင်းဒေါ်ကေသာခိုင် ကိုယ့်ကိုကိုသာအပြစ်တင်မိသည်။ငယ်စဥ်က သားကြီးဖြစ်သူကိုဂရုမစိုက်ပေးပဲ သားလတ်ကိုသာဂရုစိုက်ပေးခဲ့တာကြောင့် ထိုအရာကိုမကျေနပ်တဲ့မိမိသားကြီးမှာအရွယ်ရောက်လာသည်နှင့်ညီဖြစ်သူအားအနိုင်ယူဖို့သာကြိုးစားတော့သည်။

မိမိတို့လင်မယား ကုမ္ပဏီမှပြန်လာတိုင်း ဂိုထောင်ထဲမှာ ထိုးကြိတ်ခံထားရသောဒဏ်ရာများနှင့်သားလတ်ကိုတွေ့ရတက်၏။နေ့တိုင်းမဟုတ်သော်လည်း မကြာခဏဆိုသလိုဖြစ်တက်သည်။

၎င်းအပြင် သားလတ်ရဲ့အခန်းကိုရစရာမရှိအောင်ဖျက်စီးထားတာမျိုးကိုလည်းတွေ့ရတက်၏။မိမိသားလတ်မှာ "အစ်ကိုက ကျွန်တော့်ကိုမချစ်တော့ဘူးထင်တယ်အမေ"ဟူသောစကားအားထိုကလေးငယ်လေး၏ပါးစပ်မှပြောလာတက်သည်။

A golden strangerWhere stories live. Discover now