နတ္ထ ရုံးမသွားပဲနေခဲ့သည်မှာယနေ့နဲ့ဆိုသုံးရက်မြောက်နေ့ဖြစ်သည်။မိမိအနေနဲ့ ယခင်ကဲ့သို့ထွက်ပြေးတိမ်းရှောင်လို့မရတော့၊မိမိသဘောကျခဲ့ရသောထိုမိန်းကလေးကား အလေးအနက်တောင်းပန်ရပေလိမ့်မည်။
ရုံးသို့ရောက်လေတော့စားပွဲပေါ်မှာတင်ထားသည်ကစာအိတ်တစ်အိတ်၊ ဖွင့်ကြည့်လေတော့မြဇူးထံမှအလုပ်ထွက်စာပင်။ထိုကိစ္စအား အမှတ်ရပြီးသည်နှင့်နှစ်ယောက်လုံးဆက်ပြီးမျက်နှာချင်းဆိုင်နေသည်ကသာ ထူးဆန်းနေပေလိမ့်မည်။နတ္ထ ဘဝတွင် နောင်တ ဆိုတာမရှိခဲ့သည့်အလျောက် ယခုအချိန်တွင်တော့တစ်ဦးတည်းသောနောင်တရှိခဲ့လေပြီ။
ထိုသည်ကား မြဇူးခေ ဆိုသောမိန်းကလေးအားချစ်ခဲ့မိခြင်းပင်။
******************************
အလုပ် လုပ်စရာမရှိတော့သည့်အလျောက် မြဇူးတစ်ယောက်အိမ်မှာသာအချိန်ကုန်နေရ၏။မိမိအားဘယ်သူမှန်းတောင်မမှတ်မိပဲချစ်ခွင့်ပန်လာသော မိုင်းနတ္ထမောင်အား မြဇူးရွံမုန်းမိတာ
ကြောင့်နောက်နေ့မှာတစ်ခါတည်းအလုပ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။ထိုစဥ်မြဇူးထံဝင်လာသော ဖုန်းကြောင့်ကိုင်လိုက်ရင်း
"ဟယ်လို မြဇူးခေပါ"
"မတွေ့ရတာကြာပြီနော် မမြဇူးခေ"
ရင်းနှီးသောအပြောဖြင့်ပြောလာသောတစ်ဖက်မှမိန်းကလေးကြောင့်
"ဘယ်သူလဲမသိဘူးရှင့်?"
"ညီမပါ နှိုင်းသတ္တရေ"
ထိုနာမည်ကြောင့် ခဏတာမှင်သက်သွားမိ၏။ထို့နောက်ထိုမိန်းကလေးမှ
"ရေရေ တို့တွေ့ကြမလား မမ? ရေရေတော့မမကိုသိပ်..လွမ်းနေတာ"
ထို ရီသံစွတ်နေသောအပြောကြောင့်မြဇူးပြုံးမိသွားကာ
"ကောင်းပြီလေ တွေ့ကြတာပေါ့ "
သို့နှင့်ပြင်ဆင်ပြီးချိန်းထားသောနေရာသို့...
ရေရေ ချိန်းလိုက်သောနေရာမှာ နာမည်ကြီးနေတဲ့ကိတ်မုန့်ဆိုင်လေးဖြစ်သည်။ထိုမိန်းမအားထိုင်စောင့်နေရင်း ဆိုင်ထဲသို့ဝင်လာတာကြောင့်မိမိရှိသည့်နေရာမှ လက်ပြခေါ်လိုက်၏။ထို့နောက် ထိုမိန်းမသည် ရေရေ့မျက်နှာချင်းဆိုင်ခုံတွင်ထိုင်လိုက်ရင်းစကားစ၏။

YOU ARE READING
A golden stranger
Actionငယ်ရွယ်စဥ်ဖြစ်ပေါ်လာတဲ့အချစ်တစ်ခုကြောင့်ဘဝတစ်ခုလုံးနစ်မွန်းခဲ့ရတဲ့မိန်းမပျိုလေး မြဇူးခေ၊ မိမိသဘောကျနှစ်သက်သောမိန်းကလေးအားမိသားစုကြောင့်အထင်လွဲမှုနှင့်ပစ်ပယ်ခဲ့ရသော နိုင်းမတ္ထ၊ အစ်ကိုဖြစ်သူကိုဘယ်သူ့လက်ထဲမှမထည့်နိုင်ပဲသဝန်တိုလွန်းတဲ့နိုင်းသတ္တရေ၊ အချစ...