၂.၆.၂၀၀၀
ဒီနေ့လေးကတော့ကျွန်တော်ရွာကျောင်းမှာစပြီးစာသင်ရမယ့်နေ့ပေါ့၊ကျွန်တော်ဒီနှစ်မှရွာမှာပြန်ကျတာရွာနဲ့ခွဲနေရတာကြာပြီ၊ကျောင်းဆရာစစဖြစ်ချင်းတော့နယ်ဝေးတွေမှာစသင်ရတယ်၊သုံးနှစ်လောက်ကြာမှအပြောင်းလျှောက်ပြီးရွာမှာပြန်ကျတယ်၊
ကျောင်းနဲ့အိမ်ကဆယ်မိနစ်လောက်သွားရင်ရောက်တာကြောင့်လမ်းလျှောက်ဘဲသွားလိုက်တယ်၊ရွာလမ်းတလျှောက်မှာလည်းသနပ်ခါးကိုဖွေးနေအောင်လိမ်းပြီးအဖြူအစိမ်းကျောင်းဝတ်စုံအပြည့်နဲ့ကလေးတွေကလည်းသူငယ်ချင်းတွေနဲ့အတူကျောင်းကိုချီတက်နေကြတယ်၊ဒီနှစ်မှမူကြိုစတက်မယ့်ကလေးတွေကလည်းမိဘကိုမခွဲနိုင်သေးတာကြောင့်ကျောင်းမသွားချင်လို့ငိုနေကြတယ်၊ဒါကိုမိဘတွေကချော့နေကြနဲ့ရွာလမ်းလေးကဒီနေ့မှပိုပြီးအသက်ဝင်နေတယ်
ခွန်းသာလည်းလျောက်လာရင်းနဲ့ကျွန်တော်တို့ရဲ့လက်ပံရွာကျောင်းရှေ့ကိုရောက်ခဲ့ပြီ၊အရင်ကတော့ဒီကျောင်းကြီးမှာစာသင်ယူခဲ့ရပေမယ့်ခုတော့ကိုယ်ကပြန်သင်ပေးရမယ့်သူတစ်ယောက်ဖြစ်လာပြီ၊ခွန်းသာတို့ငယ်ငယ်ကတော့ဆရာဆရာမအင်အားကမလုံလောက်ပေမယ့်ခုတော့ဆရာဆရာမတွေလည်းရှိသင့်သလောက်ရှိလာပြီးကျောင်းဆောင်တွေကလည်းအရင်လိုဝါးထရံကာလေးမဟုတ်တော့ပါ၊ပျဉ်ခင်းပျဉ်ကာဖြစ်နေပြီ.…........
ကျောင်းထဲကိုဝင်လိုက်ပြီးနောက်ကျောင်းတက်လက်မှတ်ထိုးရန်အတွက်ကျောင်းအုပ်ရုံးခန်းကိုတန်းသွားလိုက်တယ်
"မင်္ဂလာပါဆရာမကြီး၊ကျွန်တော်ရောက်ပါပြီ"ခွန်းသာရုံးခန်းထဲကိုဝင်လိုက်ပြီးနောက်စားပွဲရှေ့မှာထိုင်နေတဲ့ဆရာမကြီးကိုနှုတ်ဆက်လိုက်တယ်
"မောင်စိုင်းခွန်းသာရောက်လာပြီလားကွဲ့၊ဒီစာအုပ်မှာလက်မှတ်ထိုးသွားရင်ရပါပြီ"ဆရာမကြီးကလက်မှတ်ထိုးရမယ့်စာအုပ်ကိုခွန်းသာထံကမ်းပေးရင်းပြောလာတယ်
ခွန်သာလည်းစာအုပ်ထဲမှာလက်မှတ်ထိုးပြီးတာနဲ့ဆရာမကြီးကိုနှုတ်ဆက်လို့ခွန်းသာသင်ရမယ့်သုံးတန်းအခန်းကိုတခါတည်တန်းသွားလိုက်တယ်၊ကျောင်းစောရောက်နေတဲ့ကလေးတွေကိုကျော်ပြီးအခန်းသော့ကိုဖွင့်လိုက်တယ်

YOU ARE READING
ခွန်းသာ(Complete)
Fantasyseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024