ခွန်းသာအပိုင်း၁၁

708 24 4
                                        

အိမ်ခန်းတံခါးကိုအသာဖွင့်လို့ခြေသံမကြားရအောင်ခြေလှမ်းဖွဖွနင်းလို့ခွန်းသာအိမ်ပေါ်ကနေဆင်းလာခဲ့တယ်၊ထို့နောက်ခွန်ခမ်းနဲ့ချိန်းထားတဲ့အိမ်ခေါင်းရင်းကဇီဇဝါပင်များရှိရာဆီသို့လာခဲ့တယ်

ခွန်းသာထွက်လာတာမြင်‌ချိန်ခွန်ခမ်းကတစ်ဖက်ခြံစည်းရိုးစပ်နား၌ငုတ်တုတ်ထိုင်နေရာကနေသူ့ဆီသို့လာရန်လက်ပြလိုခေါ်နေတယ်၊ခွန်သာလည်းခွန်ခမ်းနည်းတူခြံစပ်နားကပ်၍ထိုင်လိုက်တယ်

"ကဲပြောပါဦး၊‌ညနေကမှတွေ့ထားတာကိုအခုပြန်ချိန်းရတဲ့အကြောင်းလေးကို"

"ဘာဖြစ်ရမှာလဲဗျာ၊ခများကိုလွမ်းလို့ပေါ့ဗျ၊ဘာလဲခများကရည်စားဖြစ်တာမှတစ်လမပြည့်သေးဘူးအခုကတည်းကငြိုငြင်နေပြီလား၊ကျွန်တော့ကိုတော့ထားခဲ့မယ်မကျန်နဲ့နော်တစ်ရွာလုံးသိအောင်ပတ်အော်ပြစ်မှာ"

မျက်ခုံးနှစ်ဖက်ထိလုမတက်မျက်မှောင်ကြီးကျုတ်လို့ပြောနေတဲ့ခွန်းသာရဲ့ချစ်သူကောင်ဆိုးလေးကခွန်းသာအတွက်တော့ချစ်မဝလေးပါဘဲ၊

ခွန်းသာလည်းအသည်းယားလွန်းလို့ခွန်ခမ်းရဲ့ပါးတစ်ဖက်ကိုလက်နဲ့ဖွဖွကိုင်လို့

"ချစ်လို့တောင်မဝတာဒီက‌လေးလေးကို ကိုကိုကငြိုငြင်ရက်ပမလားဟွန်.."ခွန်းသာပြောလိုက်တော့ခဏတစ်ရွာလုံးသိအောင်ပတ်ပြောမယ်ဆိုတော့ကောင်ဆိုးလေးကရှက်ပြီးဘာစကားမှထွက်မလာတော့ပေ

"ဟွန်..ပြန်ဖြေပါဦးလား ကိုကို့ကလေးလေးရဲ့"ခွန်းသာလည်းခွန်ခမ်းရဲ့ပါးလေးကိုဖွဖွညစ်လို့ထပ်မေးလိုက်တယ်

"ခများနော်ကျွန်တော့ကိုလာစမနေနဲ့အသည်းယားလာပြီနော်၊ပြီးမှကျွန်တော့အဆိုးမဆိုနဲ့"

"ကောင်ဆိုးလေးကရှက်ရန်းရန်းနေပါလားကွာ"ခွန်းသာခပ်နောက်‌နောက်လေးပြောလိုက်တော့

"ခများဘဲရှက်ရမလားကျွန်တော်ဘဲရှက်ရမလားသိအောင်ပြမယ်၊ခများကိုအလွတ်မပေးဘူးမှတ်"ခွန်ခမ်းကပြောပြီးတာနဲ့ခြံကာထားတဲ့ဝါးလုံးတန်းကိုလက်ထောက်အားပြုလို့ခုန်ကျော်ခဲ့တယ်

‌"ဗြောင်း"ဝါးလုံးကဆွေးနေပြီဖြစ်တာကြောင့်ခွန်ခမ်းရဲ့ခန္ဓာကိုယ်ဝိတ်ကဖိလိုက်ချိန်မှာဘဲကွဲသွားတယ်

ခွန်းသာ(Complete)Where stories live. Discover now