ခွန်းသာအပိုင်း၉

400 18 2
                                    

လပြည့်ညဖြစ်လို့လမင်းကြီးကလည်းထိမ်ထိမ်သာနေတယ်၊
လက်ပံရွာလေးကလည်းအခါတိုင်းနေ့များနဲ့မတူရွာလမ်းတလျှောက်စိုက်ထူထားတဲ့ဝါးလုံးများ၌ဖယောင်းမီးလိုက်ထွန်းနေသောလူများနှင့်စည်ကားနေတယ်၊ရွာလေးမှာလည်းလရောင်နဲ့ဖယောင်မီးများကြောင့်ထိန်ထိန်လင်းနေတယ်

"ခများညောင်းနေပြီလား"ခွန်ခမ်းကဖယောင်တိုင်မီးညှိနေတဲ့ခွန်းသာဘေးနားရပ်လို့မေးလာတယ်

"မညောင်းပါဘူးကွာ၊ပျော်စရာတောင်ကောင်းသေးတယ်"
ခွန်းသာလည်းမီးညှိထားတဲ့ဖယောင်းတိုင်ကိုဝါးပေါမှာတင်ထွန်းရင်းပြန်ဖြေလိုက်တယ်၊

ထိုအချိန်လေပြေလေးတိုးဝှေ့လိုက်ချိန်ဖယောင်းမီးညွှန်‌့လေးကလူးလွန့်သွားပြီးငြိမ်တော့မလို့ဖြစ်သွားတာကြောင့်ကောင်လေးနှစ်ယောက်ဟာတပြိုင်နက်တဲ့ဖယောင်းမီးလေးကိုလေကွယ်လိုက်ကြတယ်၊အချင်းချင်းထိခတ်သွားတဲ့အဖြူရောင်လက်လေးနဲ့အညိုရောင်လက်လေးများကလည်းလရောင်အောင်မှာပနှံတင့်စွာလိုက်ဖက်နေတယ်၊မျက်လုံးချင်းကလည်းအကြည့်ချင်းစုံလို့ပေါ့၊ပိုပြည့်စုံသွားအောင်ရင်တွင်းရှိနှလုံးသားစည်းချက်လေးများကဖြည့်တင်းပေးနေတယ်

"ခွန်ခမ်း..ရှေ့ဆက်သွားကြမယ်လေ၊ဒီနားမှာဘဲကြာနေပြီ"
ထိုအရာအားလုံးကိုဖျက်စီးလိုက်တဲ့ကြားဖျက်အသံပိုင်ရှင်ကတော့ခွန်ခမ်းရဲ့သူငယ်ချင်းမလေးနှင်းယု

"အော်အေးအေးလာခဲ့မယ်..ကျွန်တော်တို့သွားကြရအောင်လေ"ခွန်ခမ်းကထိထားတဲ့လက်တွေကိုပြန်ယုတ်လိုက်ပြီးပြောလာတယ်

"‌အွန်း..ဆက်သွားကြမယ်လေ"ခွန်းသာလည်းပြောပြီရှေ့ဆက်လျှောက်လိုက်တယ်...

၉နာရီထိုးခါနီးလောက်မှာမီးထွန်းပြီးနောက်ဆီးမီးမျှောရန်အတွက်လှေတွေပေါကိုတက်လာခဲ့ကြတယ်

"ခများသေချာကိုင်ထားဦးနော်ပြုတ်ကျနေဦးမယ်"ခွန်းခမ်းကခွန်းသာမျှောရန်အတွက်ဆီးမီးများကိုမီးညှိပေးရင်ပြောလာတယ်

"အေးပါငါသေချာကိုင်ထားပါတယ်၊မင်းသာအပူလောင်မယ်သတိထား"ခွန်းသာလည်းဆီမီးခွက်ကိုလှမ်းယူရင်းပြောလိုက်တယ်၊ခွန်ခမ်းကမီးညှိလိုက်ခွန်းသာကမျှောလိုက်နဲ့တဖြည်းဖဖြည်းချင်းနောက်ဆုံးမီးခွက်လေးရောက်လာတယ်

ခွန်းသာ(Complete)Where stories live. Discover now